Nyo & Ki

Adopt Me
Xx
အသက် 5 လအရွယ် ခွေးထီးလေး ညိုနဲ့ကီ ကို အားလုံးနဲ့ မိတ်ဆက်ပေးမယ်နော်။ ပုန်းညက်လမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်က ဖြစ်ပါတယ်။
ကျန်းမာရေး ရာဇဝင်။ လက်ရှိ ကျန်းမာရေး ကောင်းမွန်ပါတယ်။
ပုံမှန် သန်ချပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ ကျန်းမာပြီး အာဟာရပြည့်ဝစွာနေထိုင်နိုင်ရန် ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
ကာကွယ်ဆေး။ ထိုးပြီးပါပြီ။
သားဆက်ခြားခြင်း။ မပြုလုပ်ထားပါ။
အမျိုးအနွယ်။ မြန်မာ။
ကြိုက်နှစ်သက်တဲ့အရာ။ ထမင်း ကြက်သား ကြက်အသည်း။
အမူအကျင့်။
ညို -  ခွေးပီပီ အဆော့သန်ပါတယ်။ အဆော့သန်ပေမဲ့ စကားနားထောင်ပါတယ်။ လမ်းမှာ တွေ့တဲ့ သူတွေကို လိုက်ဆော့တတ်ပါတယ်။ လူမကြောက်တတ်ပါ။ နဲနဲတော့ ပြာယာခက်ပါတယ်။ ခြံပြင်လွတ်မိရင် ကားတွေ ဘာတွေ နားမလည်ပဲ ပြေးပြေးဝင်တတ်ပါတယ်။ ကီကို သီးခံပါတယ် ပြန်မကိုက်ပါဘူး။
ကီ - လူကြောက်တတ်ပါတယ်။ အသံကျယ်တာကြားရင် ကြောက်တတ်ပါတယ်။ စကားနားထောင်ပါတယ်။ သူမကြောက်တာ ကျန်တဲ့ တစ်ကောင်ပါ။ သူကပဲ သွားသွားစကိုက်ပါတယ် ဟိုကောင်ကတော့ မကိုက်တတ်ပါဘူး။
၂ ကောင်တွဲမွေးရင် အဆင်မပြေလောက်ပါဘူး။ ကီလေးက သခင်လုတတ်လို့ သူ့ကိုပဲ ပိုဦးစားပေးတာကြိုက်လို့ ညိုကို ဘယ်လူနားမှ မကပ်အောင် သွားသွားလုပ်တတ်လို့ပါ။
ညိုနဲ့ကီထဲက တစ်ကောင်ပဲ မွေးစားပေးလို့ရပါတယ်။

မွေးစားဖို့ စိတ်ဝင်စားရင် လိုအပ်တဲ့ မေးခွန်းလေးတွေ ဖြေဆိုရန်အတွက် Petunity messenger ကိုလာခဲ့ပါနော်။
ပက်ယူနတီ၏မေးခွန်းများကို လာရောက်မဖြေဆိုခင် အောက်ပါမေးခွန်းများကို ကိုယ့်ကိုယ်ကို မေးကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
🐣 🎀 လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုး ဆောင်ရွက်ပေးနိုင်ဖို့ အဆင်ပြေပါသလား။
နောင်တစ်ချိန်တွင် မွေးဖွားလာမည့်ကလေးများကို စောင့်ရှောက်ပေးဖို့ အဆင်ပြေမပြ ကြိုတင်စဉ်းစားဆောင်ရွက်ဖို့တွေးထားတာမျိုး ရှိပါသလား။ 🎀 🐣
စိတ်ဝင်စား ဖောင်ဖြည့်ကြသူများထဲမှ ပိုင်ရှင်ကသူနဲ့အဆင်ပြေဆုံးဖြစ်မယ်ထင်တဲ့သူကို ရွေးချယ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Would you be my new owner? Only need to adopt one of them.
Name: Nyo & Ki
Breed: Burmese
Gender: Male
Age: 5 months old
Place: Pone Nyat Street, North Dagon Tsp, Yangon.
Medical History:
- Healthy
- Regular deworming and giving vaccinations, healthy lifestyles are necessary for her
Vaccinations: Done
Neutering/ Spaying: Not Yet
Favourite: Chicken and organs with rice
Traits:
Nyo - Playful, friendly, cheerful, obedient, not afraid of people, patient
Ki - affectionate, afraid of people, afraid of loud voice, obedient
DM us if you'd like to adopt one of them. There'll be a form to fill out. Before registering, below questions are needed to think beforehand.
🐣 🎀 Would you be happy to provide the necessary health care for the pet?
What would be your plan when the pet breeds in near future? 🎀 🐣
We filter out your answers and the owner chooses among the candidates. Thank You!

Leave a comment