Petunity

Petunity Eco-Mask

Sale price Price K2,022 Regular price Unit price  per 

က) ဤပက်ယူနတီနှာခေါင်းစီးသည် ပိတ်သားအလွှာသုံးလွှာဖြင့် ချုပ်လုပ်ထားသည့်အတွက် အတိုင်းအတာတစ်ခုအထိသာ သင့်ကိုကာကွယ်မှုပေးနိုင်ပါသည်။
ခ) အထူးသတိပြုရန်မှာ ခွဲစိတ်ခန်းသုံးနှာခေါင်းစီးများ၊ လုပ်ငန်းခွင်သုံးကွာကွယ်ရေးနှာခေါင်းစီးများကဲ့သို့ အသုံးပြုရန်မဟုတ်ပါ။
ဂ) ဤနှာခေါင်းစီးကို အကြိမ်‌ရေ ၁၀၀ အထိ ပြန်လည်လျှ်ောဖွပ်အသုံးပြုနိုင်ပါသည်။
ဃ) ဤနှာခေါင်းစီးကို လက်ဖြင့်သာ လျှ်ောဖွပ်သင့်ပြီး နေရောင်ကောင်းစွာရရှိသည့်နေရာတွင် အခြောက်ခံရန်လိုအပ်ပါသည်။
င) ဤနှာခေါင်းစီးသည် ချည်သားနှင့် ပိုးသတ်ထားသော နူးညံ့သည့်ပိတ်သားကိုပေါင်းစပ်ထားပြီး အသက်ရှူရာတွင် လွယ်ကူစေရန် အထူးပုံစံဖန်တီးချုပ်လုပ်ထားပါသည်။
စ) နှာခေါင်းစီးကြိုးများမကောင်းတော့လျှင် အသစ်လဲလှယ်နိုင်ရန် အရှင်ထည့်သွင်းချုပ်လုပ်ထားပြီး မည်သည့်ကြိုးနှင့်မဆို စိတ်ကြိုက်ပြန်လည်ထည့်သွင်းအသုံးပြုနိုင်ပါသည်။
ဆ) ဤနှာခေါင်းစီး၏ ထုပ်ပိုးမှုများအားလုံးကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရန် အကောင်းဆုံးကြိုးစားထားပြီး မဖြစ်မနေလိုအပ်သောနေရာမှသာ ပလပ်စတစ်ကို အသုံးပြုထားပါသည်။
ဇ) သဘာဝပတ်ဝန်းကျင်တွင် တစ်ခါသုံးနှာခေါင်းစီးစွန့်ပစ်မှုများကြောင့် ဖြစ်ပေါ်လာသည့်ညစ်ညမ်းမှုများလျှော့ချရန်အတွက် ဤအဝတ်နှာခေါင်းစီးကို ရည်ရွယ်ထုတ်လုပ်ပါသည်။
ဈ) ပက်ယူနတီကရောင်းချသော မည်သည့်ပစ္စည်းအတွက်မဆို ရရှိသည့်အမြတ်ငွေ၏ ၁၀% ကို တောရိုင်းတိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်မှုများတွင် ထည့်သွင်းအသုံးပြုနေပါသည်။
Petunity Eco-mask ကို မည်သို့ဝတ်ရမည်နည်း။

နှာခေါင်းစီးကို မကိုင်မီ လက်ကို အရက်ပျံပါသောလက်ဆေးရည် (သို့) ဆပ်ပြာနှင့်ရေတို့ဖြင့် ဆေးပါ။
နှာခေါင်းစီးတွင် အပေါက်များပါမပါ စစ်ဆေးပါ၊ ပျက်စီးသွားသော နှာခေါင်းစီးကို မသုံးပါနှင့်။
မျက်နှာ၊ နှာခေါင်းနှင့် မေးစေ့ကို ဖုံးအုပ်ရန် မျက်နှာဖုံးကို ညှိပါ။ နှစ်ဖက်စလုံးတွင် ဟမနေစေရန် ဂရုပြုပါ။
ကြိုးများကို သင့်နားရွက်နှစ်ဖက်တွင် ချိတ်ပါ။
နှာခေါင်းစီးတပ်ထားစဉ် လက်နှင့်မကိုင်မိစေရန် သတိပြုပါ။ ကိုင်မိ၊ ထိမိပါက လက်ကို ချက်ချင်းဆေးကြောသန့်စင်ပါ။
နှာခေါင်းစီးညစ်ပတ်သွားလျှင် (သို့) စိုသွားလျှင် အခြားနှာခေါင်းစီးအသစ်တစ်ခု ပြောင်းတပ်ပါ။

Petunity Eco-mask ကိုဘယ်လိုချွတ်ပြီးသိမ်းရမလဲ။

နှာခေါင်းစီးမချွတ်ခင် လက်ကို စင်ကြယ်အောင်ဆေးပါ။
နှာခေါင်းစီးကိုမထိဘဲ နားနှစ်ဖက်ရှိကြိုးများမှသာ ကိုင်၍ချွတ်ပါ။
နှာခေါင်းစီးသည် ညစ်ပေခြင်း၊ စိုနေခြင်း မရှိဘဲ ပြန်လည်အသုံးပြုရန် စီစဉ်ထားပါက သန့်ရှင်းသော ပလပ်စတစ်အိတ် (သို့) လုံခြုံသောအိတ်တစ်ခုထဲ ထည့်၍သိမ်းပါ။ အိတ်ထဲမှပြန်ထုတ်ပါကလည်း နှာခေါင်းစီး၏ နားချိတ်ကြိုးများမှသာ ကိုင်ပါ။ နေ့စဉ်အသုံးပြုနေသည့်နှာခေါင်းစီးကို တစ်နေ့တစ်ကြိမ်လျှော်ပါ။ နှာခေါင်းစီးချွတ်ပြီးတိုင်း လက်ကို သန့်စင်စွာ ပြန်လည်ဆေးကြောပါ။

Petunity Eco-mask ကိုဘယ်လိုသန့်ရှင်းမလဲ။

နှာခေါင်းစီးများကို ဆပ်ပြာ (သို့) ဆပ်ပြာမှုန့်အပြင် အဆင်ပြေပါက ရေနွေး (အနည်းဆုံး ၆၀ ဒီဂရီစင်တီဂရိတ်/၁၄၀ ဒီဂရီဖာရင်ဟိုက်) အသုံးပြုပြီး တစ်နေ့အနည်းဆုံးတစ်ကြိမ်လျှော်ရပါမည်။
ဖော်ပြပါရေနွေးဖြင့် မလျှော်နိုင်ပါက ဆပ်ပြာ (သို့) ဆပ်ပြာမှုန့်အသုံးပြုပြီး လျှော်ပါ။ လျှော်ပြီးပါက တစ်မိနစ်ခန့် ရေနွေးဆူဆူတွင် ထည့်ပြုတ်နိုင်ပါသည်။

အထွေထွေအကြံပေးချက်များ

နှာခေါင်းစီးကိုမထိမီ လက်ကိုသေချာဆေးပါ။
သင့်မှာ တစ်ကိုယ်ရည်သုံးနှာခေါင်းစီး ရှိပါစေ။ ထိုနှာခေါင်းစီးကို အခြားသူများနှင့် မျှဝေမသုံးစွဲပါနှင့်။
အခြားသူများနှင့် စကားပြောနေစဉ် နှာခေါင်းစီးကို မေးစေ့အောက်သို့ ဆွဲချခြင်း (သို့) ချွတ်လိုက်ခြင်းကို ရှောင်ကျဉ်ပါ။
နှာခေါင်းစီးကို ဝတ်ရန်မလိုချိန်တွင် လက်ကောက်ဝတ်နှင့် လက်မောင်းတို့တွင် ချိတ်မထားသင့်သလို၊ မေးစေ့အောက် (သို့) လည်ပင်းတို့တွင် ချိတ်ထားခြင်းတို့ကိုလည်း မပြုလုပ်သင့်ပါ။ ၎င်းအစား သန့်ရှင်းလုံခြုံသည့် ပလပ်စတစ်အိတ်တစ်ခုထဲတွင်သာ ထည့်သိမ်းထားပါ။

A) This Petunity Eco-Mask is made of three layers of gauze, which gives you only a measure of protection.
B) It can't be used like surgical/ medical mask.
C) This mask can be washed up to 100 times.
D) This mask should be washed by hand and dried in a well-lit place.
E) This is made of a combination of cotton and sterile soft cloth and specially designed to make it easier to breathe.
F) If the mask strap is worn out, you can replace it with any strap without having to sew it to replace it.
G) All packaging of these masks is made in the best possible way to minimize environmental impact and plastic is used only where absolutely necessary.
H) This mask is designed to reduce the pollution caused by disposable masks in the environment.
I) 10% from any sale sold by the Petunity are used for wildlife and environmental protection activities.

How to put on and wear a Petunity Eco-Mask:

Before touching the mask, clean your hands with an alcohol-based hand rub or soap and water.
Inspect the mask for tears or holes, do not use a mask that is damaged.
Adjust the mask to cover your mouth, nose, and chin, leaving no gaps on the sides.
Place the straps behind your head or ears. Do not cross the straps because this can cause gaps on the side of your face.
Avoid touching the mask while wearing it. If you touch it, clean your hands.
Change your mask if it gets dirty or wet.

How to take off and store a Petunity Eco-Mask:

Clean your hands before taking off the mask.
Take off the mask by removing it from the ear loops, without touching the front of the mask.
If your fabric mask is not dirty or wet and you plan to reuse it, put it in a clean plastic, resealable bag. If you need to use it again, hold the mask at the elastic loops when removing it from the bag. Clean your mask once a day.
Clean your hands after removing the mask.

How to clean a Petunity Eco-Mask:

Wash the masks in soap or detergent and preferably hot water (at least 60 degrees Centigrade/140 degrees Fahrenheit) at least once a day.
If it is not possible to wash the mask in hot water, then wash it in soap/detergent and room temperature water, followed by boiling the mask for 1 minute.

General tips:

Make sure to clean your hands before touching your mask.
Make sure you have your own mask and do not share it with others.
Resist the temptation to pull down your mask to your chin or take if off when speaking to other people.
Do not store your mask around your arm or wrist or pull it down to rest around your chin or neck. Instead, store it in a clean plastic bag.