1-month-old-Kitty

 

ဟယ္လို...

[unicode]
ဟယ်လို...
ဒီတစ်ခါအလှည့်စောင့်နေပြီး မွေးစားသူရှာနေတဲ့ကလေးကတော့ မြောက်ဒဂုံမှာနေပြီး အသက် ၂ လ ကျော်ပဲ ရှိပါသေးတယ်။ သူ့ရဲ့အမေကြီးက မြောက်ဒဂုံ ၃၇ ရပ်ကွက်မှာနေတဲ့ ကိုကိုတစ်ယောက်ရဲ့အိမ်မှာ လာလာပြီးသားပေါက်လေ့ရှိပေမယ့် မွေးပြီးရင်ထွက်သွားပါတယ်တဲ့။ ကလေးတွေကို လာပြန်မကြည့်ဘဲနေတတ်လို့ အဲဒီအိမ်ကကိုကိုတစ်ယောက်ကသာ ကျွေးမွေးစောင့်ရှောက်ရလေ့ရှိပါတယ်။ ခက်တာက အဲဒီကိုကိုကလည်း အမြဲအလုပ်သွားနေရတော့ ကြောင်ပေါက်စနလေးတွေကို အချိန်ပြည့်မစောင့်ရှောက်နိုင်ပါဘူး။ အရင်ပေါက်တဲ့ကလေးတွေတုန်းကလည်း ဆုံးပါးကုန်လို့ ဒီတစ်ခါတော့အသက်ရှင်အောင်လို့ စောင့်ရှောက်ပေးမယ့်သူကိုရှာပေးဖို့ ပက်ယူနတီကို အကူအညီတောင်းလာပါတယ်။ နောက်ဆုံးကျန်တဲ့ "မဝါမ" လေးကို ကူညီချင်တဲ့သူတွေရှိရင် ပက်ယူနတီကို chat box ကနေသာ လက်တို့လိုက်ပါနော်။

Hello...
This time for a tiny kitten from North Dagon. She's now with a kind-hearted brother who has to go out for work everyday and couldn't care her enough. The mother cat has a habit of leaving the kittens after birth and she rarely comes back. So this last kitten is in immediate need for an adopter and she would be happy to land in a welcoming home. She's now two months old. If you think you're up for adopting this kitten, "Ma Wah Ma", just PM us!

Petunity
Petunity Group
petunity.net
Healthy Pets & Happy You!
#AdoptMe


Older Post Newer Post


  • Wai yqn on

    I can not buy kitten but i am poor

  • Wai yan on

    Hi can not buy a kitten but i am poor


Leave a comment