Fox

Adopt Me
Xx
Fox ဆိုတဲ့ ရှမ်းခွေးလေးတစ်ကောင်ရှိပါတယ်။ အသက် ၂ နှစ်အရွယ်ပဲရှိသေးပြီး ပုံမှာတွေ့ရတဲ့အတိုင်း အရမ်းသန့် အရမ်းကျန်းမာပါတယ်။ သူ့ရဲ့ထူးခြားချက်က သူ့သခင်နဲ့ မိသားစုကို အရမ်းချစ်တတ်ပြီး အခြားသူတွေက သူ့မိသားစုကို ရန်ပြုမှာစိုးရိမ်လွန်းတတ်တာပါ။ သွက်လက်ချက်ချာပြီး ပြေးလွှားဆော့ကစားရတာလည်း အရမ်းကြိုက်တဲ့ တက်ကြွတဲ့ Fox လေးက အခုတော့ သူ့ကိုမွေးစားမယ့်သူကို ရှာနေပါပြီ။ အကြောင်းက သူ့လက်ရှိမိသားစုဆီကို ဧည့်သည်တွေက ကလေးတွေနဲ့ခဏခဏလာတတ်တော့ သူက သူ့မိသားစုကို ရန်ပြုမယ့်သူတွေအထင်နဲ့ ရန်ရှာတတ်လို့ပါတဲ့။ ခက်တာက သူ့လက်ရှိအိမ်ကလည်း အပြင်ကလေးတွေအဝင်အထွက်ကို ကန့်သတ်လို့မရပါဘူးတဲ့။ သူက သူနဲ့အတူပြေးပေး၊ လမ်းလျှောက်ပေးမယ့် သခင်မျိုးနဲ့ဆို အရမ်းပျော်မှာပါတဲ့။
အားလုံးပဲ သူ့ကိုမွေးစားဖို့ စဉ်းစားပေးကြပါဦး။
ဪ မေ့တော့မလို့၊ သူက ကာကွယ်ဆေးလည်း ထိုးထားတယ်၊ မျိုးမပွားနိုင်အောင်လည်း ကာကွယ်ထားပါတယ်။

There is one Shan dog named 'Fox' who is just 2 years old and is super fit and healthy. He is very active, athletic and protective (sometimes even overprotective). He likes to play a lot and he is a loyal one. But now, he is looking for an adopter who will keep him till the end of the world. It's best if the adopter is looking for an active dog. But it is advised not to consider him if the adopter has small children at home and other regularly visiting children.
Fox guards, plays, runs with his owner. Who knows? Fox can even be a real fox!
Oh! Almost forgot to say that he is vaccinated and neutered.

 

Leave a comment