Wun Wun, Chi Chi, Go Goe and Mommy Tone Tone

Adopt Me
Xx
အသက် ၃ လအရွယ် ကြောင်လေး ၃ ကောင်ရယ် မေမေ "တုန်တုန်" ရယ်နဲ့ အားလုံးကို မိတ်ဆက်ပေးမယ်နော်။ ကြောင်လေး ၃ ကောင်ကတော့ "ဝမ်းဝမ်း၊ ချီချီ၊ ဂိုဂိုး" တို့ဖြစ်ပါတယ်။ ချီချီကတော့ အမလေးပါ။ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်က ဖြစ်ပါတယ်။
ကျန်းမာရေး ရာဇဝင်။ သန်ပုံမှန် ချထားပါသည်။ လက်ရှိ ကျန်းမာရေး ကောင်းမွန်ပါတယ်။
ပုံမှန် သန်ချပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ ကျန်းမာပြီး အာဟာရပြည့်ဝစွာနေထိုင်နိုင်ရန် ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
ကာကွယ်ဆေး။ မထိုးရသေးပါ။
သားဆက်ခြားခြင်း။ မေမေတုန်တုန်က သားဆက်ခြားထားပါသည်။
အမျိုးအနွယ်။ မြန်မာ
အလေးချိန်နှင့် အရပ်အမြင့်။ 
တုန်တုန် - 4 kgဝန်းကျင်။
ဝမ်းဝမ်း -1.5 kgဝန်းကျင်။
ချီချီ -1.4kg ဝန်းကျင်။
ဂိုဂိုး -1.3 kgဝန်းကျင်။ 
ကြိုက်နှစ်သက်တဲ့အရာ။ ထမင်းနဲ့ အသားဗူးနယ်ကျွေးတာအကြိုက်ဆုံးပါ။
ထမင်းနဲ့ ငါးပြုတ်လဲကြိုက်ပါတယ်။
ငါးဖယ်ကြိုက်ပါတယ်။ ကြောင်စာကြိုက်ပါတယ်။
ဟင်းအဆီအနှစ်မစားကြပါ။
အမူအကျင့်။ ‌တုန်တုန်ကကြောင်မေမေပါ၊ လူချီတာမကြိုက်ပါဘူး။ ဗိုက်ကိုကိုင်ရင်မကြိုက်ပါဘူး။ သူ့ဘာသူတော့လိုက်ချွဲတတ်ပါတယ်၊ ထမင်းထက်ကြောင်စာပိုကြိုက်ပါတယ်၊ အပြင်သိပ်မထွက်ပါဘူး။ အိမ်မှာအတူနေကြောင်ရှိရင်မကြိုက်ပါဘူ။း မနာလိုတတ်တာပါ။
ဝမ်းဝမ်းကအထီးလေးပါ ၊သူကလူပေါ်အိပ်ရတာကြိုက်ပါတယ်။ အဆော့သန်ပါတယ်။ အရိပ်အကဲနားလည်ပီးအရမ်းလည်ပါတယ်။
ချီချီက အမလေးပါ၊ သူကလူပေါ်ရောက်ရင်အရမ်းငြိမ်ပါတယ်။ လူပေါ်အိပ်ရတာကြိုက်ပါတယ်။ အနေအေးပါတယ်။
ဂိုဂိုးက အထီးလေးပါ၊ သူက အချီခံရတာမကြိုက်ပါဘူး။ သူ့ဘာသူလိုက်ကပ်အိပ်တတ်ပါတယ်၊ အစားမက်ပါတယ်။ ကြောင်စာထက်ထမင်းကြိုက်ပါတယ်။ အအိပ်လဲမက်ပါတယ်။ သူကအနေအအေးဆုံးပါ။ ကြောက်တတ်ပါတယ်။ 
ဂိုဂိုးက အဖော်မရှိရင် မနေတတ်တဲ့ကလေးလေးမို့လို့ သူလေးကိုယူရင် ၂ကောင်တွဲမွေးပေးဖို့တောင်းဆိုပါရစေ။
အားလုံး ကြောင်သဲပုံးမှာပဲ အိမ်သာသွားပါတယ်။
မွေးစားဖို့ စိတ်ဝင်စားရင် လိုအပ်တဲ့ မေးခွန်းလေးတွေ ဖြေဆိုရန်အတွက် Petunity messenger ကိုလာခဲ့ပါနော်။
ပက်ယူနတီ၏မေးခွန်းများကို လာရောက်မဖြေဆိုခင် အောက်ပါမေးခွန်းများကို ကိုယ့်ကိုယ်ကို မေးကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
🐣 🎀 လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုး ဆောင်ရွက်ပေးနိုင်ဖို့ အဆင်ပြေပါသလား။
နောင်တစ်ချိန်တွင် မွေးဖွားလာမည့်ကလေးများကို စောင့်ရှောက်ပေးဖို့ အဆင်ပြေမပြ ကြိုတင်စဉ်းစားဆောင်ရွက်ဖို့တွေးထားတာမျိုး ရှိပါသလား။ 🎀 🐣
စိတ်ဝင်စား ဖောင်ဖြည့်ကြသူများထဲမှ ပိုင်ရှင်ကသူနဲ့အဆင်ပြေဆုံးဖြစ်မယ်ထင်တဲ့သူကို ရွေးချယ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Would you be my new owner? 
Name: Wun Wun (Male), Chi Chi (Female), Go Goe (Male) and Mommy Tone Tone
Breed: Burmese
Gender: 2 females and 2 males
Age: 3 months old, Mommy - Don't know 
Weight
Tone Tone - 4 kg
Wun Wun - 1.5 kg
Chi Chi - 1.4 kg 
Go Goe - 1.3 kg
Place: East Dagon Tsp, Yangon.
Medical History:
- Dewormed (regularly)
- Healthy
- Regular deworming and giving vaccinations, healthy lifestyles are necessary for each of them
Vaccinations: Not Yet
Neutering/ Spaying: Mommy Tone Tone is spayed.
Favourite: They like to serve with rice and canned meat.
Also boiled fish with rice and cat food. They don't like gravy.
Traits
Tone Tone - Jealous Type, Love indoors
Wun Wun - Playful, Clever
Chi Chi - Introvert, Clingy
Go Goe - Quiet, Foodie (We request you to adopt Go Goe with other one together as he is quite scare of being alone.)
All are litter trained.
DM us if you'd like to adopt one of them. There'll be a form to fill out. Before registering, below questions are needed to think beforehand.
🐣 🎀 Would you be happy to provide the necessary health care for the pet?
What would be your plan when the pet breeds in near future? 🎀 🐣
We filter out your answers and the owner chooses among the candidates. Thank You!
Petunity
Sharing One World
petunity.net

Leave a comment