ကာကွယ်ဆေးထိုးခြင်း နဲ့ သင့်ရဲ့ကြောင်ကလေး 🐈🤔👨⚕️
ကြောင်ပေါက်လေးတွေဟာ ဖျားနာမှုနဲ့ ပြောင်းလဲမှုတွေကို ခံနိုင်ရည်အားနည်းကြပါတယ်။ ကြောင်ပေါက်လေးတွေရဲ့ ခံနိုင်ရည်အားဟာ သူတို့ကို အိမ်ထဲမှာပဲ အခြားတိရိစ္ဆာန်လေးတွေနဲ့အတူ မွေးမြူခဲ့တာလား? သူတို့ကို အပြင်ထွက်ကစားခွင့် ပေးခဲ့လားဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းပါတယ်။ ကာကွယ်ဆေးတွေဟာ သင့်ရဲ့ ကြောင်လေးကို ဒုက္ခပေးနိုင်တဲ့ သာမာန်ဖျားနာမှုတွေကအစ ပြင်းထန်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ တချို့ကာကွယ်နိုင်တဲ့ ရောဂါတွေဟာ ကူးစက်နိုင်ပြီးတော့ တချို့ဆို သေတောင်သေစေနိုင်ပါတယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းပါတယ်။ ကာကွယ်ဆေးတွေဟာ သင့်ရဲ့ ကြောင်လေးကို ဒုက္ခပေးနိုင်တဲ့ သာမာန်ဖျားနာမှုတွေကအစ ပြင်းထန်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ တချို့ကာကွယ်နိုင်တဲ့ ရောဂါတွေဟာ ကူးစက်နိုင်ပြီးတော့ တချို့ဆို သေတောင်သေစေနိုင်ပါတယ်။
Feline Distemper
ဒီဖျားနာမှုကတော့ Panleukopenia Virus ကြောင့်ဖြစ်တာပါ။ Feline Panleukopenia Virus ရဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပါတယ်။ Panluekopenia Virus ဟာ ကာကွယ်ဆေးမထိုးထားတဲ့ ငယ်ရွယ်တဲ့ ကြောင်လေးတွေမှာဆိုရင် သေတောင်သေစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကာကွယ်ဆေးဟာ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ ညွှန်ကြားလေ့ရှိတဲ့ ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။
ဒီရောဂါကတော့ ကြောင်လေးတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကူးစက်မှုဝင်တာပါ။ ဒီရောဂါကို သယ်လာတာကတော့ လင်းနို့တွေနဲ့ Skunk လို့ခေါ်တဲ့ ဖျံတစ်မျိုး ပါ။ သူတို့တွေ သင့်ရဲ့ကြောင်ကို ကိုက်တဲ့အခါ ရောဂါဖြစ်ပွားပါတယ်။ ဒီရောဂါဟာ လူအပါအဝင် နို့တိုင်သတ္တဝါအားလုံး ကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအတွက် ကာကွယ်ဆေးဟာလည်း အရေးကြီးပါတယ်။
ဒီရောဂါဟာ အထူးသဖြင့် အပြင်ထွက်များတဲ့ကြောင်တွေမှာ အဖြစ်များတာပါ။ ဒီ Virus ဟာ သင့်ကြောင်ရဲ့ ကိုယ်ခံအားစနစ်ကို နှောင့်ယှက်ပြီး ကင်ဆာပါဖြစ်ပွားစေနိုင်ပါတယ်။ ဒီ Virus ဟာသေစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကာကွယ်ဆေးကိုလည်း ဆရာဝန်တွေ ညွှန်ကြားလေ့ရှိကြပါတယ်။
ဘယ်အချိန်မှာ ကာကွယ်ဆေးထိုးသင့်သလဲ။ 🤔
ကာကွယ်ဆေးထိုးတဲ့ အချိန်ဟာ ကာကွယ်ဆေးအမျိုးအစား လိုက်၍ ကွဲပြားမှုရှိပါတယ်။ ကြောင်လေးတွေဟာ 6-8 ပတ် မှ 16 ပတ်အတွင်း၊ ကြားတွင် သုံး လေးပတ်ခြား၍ ကာကွယ်ဆေးများကို ထိုးသင့်ပါတယ်။
ခွေးရူးကာကွယ်ဆေးကို 12 ပတ် နဲ့ 16 ပတ် ကြားတွင်ထိုးလေ့ရှိပါတယ်။ နောက်တစ်ကြိမ် ကိုတော့ တစ်နှစ်ပြည့်တဲ့ အခါထိုးပါတယ်။
ကာကွယ်ဆေးမထိုးရသေးတဲ့ အရွယ်ရောက်ကြောင်တွေ၊ ဒါမှမဟုတ် 16 ပတ်ထက် ကျော်တဲ့ ကြောင်လေးတွေကိုတော့ သုံး လေးပတ်ခြား၍ တစ်ခါထိုးရင် ဆေးနှစ်လုံးစီထိုးပေးလေ့ရှိပါတယ်။
တိရစ္ဆာန်ဆရာဝန် ညွှန်ကြားချက်အတိုင်း ကာကွယ်ဆေးများကို စနစ်တကျ အချိန်မှန်မှန် ထိုးပေးပါ။ 🐈😍
အရေးကြီးသော အချက်များ
ကြောင်လေးတွေ အသက် 6 ပတ်မှစ၍ ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်သင့်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း ဟာ သင့်ရဲ့ ကြောင်လေးကို ရောဂါပိုးမျိုးစုံကနေ ကာကွယ်ပေးပါတယ်။
Leave a comment