ယုန်လေးတစ်ကောင် မွေးတော့မယ်ဆိုရင်....🐰🐰🐰🐰🐰

ခွေးလေးတစ်ကောင်၊ ကြောင်လေးတစ်ကောင် မဟုတ်ပဲအိမ်မွေးတိရစ္ဆာန်တစ်ကောင်နဲ့ရင်းရင်းနီးနီးနေချင်ပါသလား။

ယုန်လေးတစ်ကောင်ဆိုရင်ရော။ 🐰

ယုန်လေးတွေကအရမ်းချစ်ဖို့ကောင်းတဲ့သတ္တဝါလေးတွေပါ။ ကလေးငယ်တွေမရှိတဲ့အိမ်တွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက်သီးသန့်အချိန်မပေးနိုင်တဲ့သူတွေဒါပေမဲ့လှောင်ချိုင့်ထဲကနေထုတ်ပြီးနာရီဝက်၊ တစ်နာရီလောက်အချိန်ပေးနိုင်တဲ့သူတွေအတွက်တော့ယုန်လေးတွေကတော့အကောင်းဆုံးအဖော်မွန်ပါပဲ။

၁။ ပိုင်ရှင်နဲ့နီးနီးကပ်ကပ်နေခြင်း။
ယုန်လေးတွေမွေးထားတဲ့သူတွေကိုမေးကြည့်ပါ။ သူတို့ယုန်လေးတွေအကြောင်းကို ခွေးလေး၊ ကြောင်လေးတွေအကြောင်းပြောသလို သင့်ကိုပြောပြပါလိမ့်မယ်။ ယုန်လေးတွေကသူတို့ကိုသင်အမြဲသတိထားမိအောင်လည်းအမြဲလုပ်လေ့ရှိတယ်။ သင့်ရဲ့နောက်ကိုအမြဲလိုက်နေပြီးသင်ခေါ်လိုက်ရင်လည်း သင့်အပေါ်ကိုပြေးတတ်လာပါလိမ့်မယ်။

၂။ ယုန်လေးတွေဟာဆိုရင်ပုံမှန်အားဖြင့်တိတ်တိတ်ဆိတ်ဆိတ်နေတတ်ကြတယ်။
အကယ်၍သင်ဟာတိုက်ခန်းမှာနေတယ်ဆိုရင် ယုန်လေးတွေက သင့်အတွက် အဆင်ပြေစေပါတယ်။ အကယ်၍သင်ဟာအအိပ်ဆတ်သူဆိုရင်တောင်မှ ယုန်လေးတွေဟာ သင့်အတွက်အများကြီးအဆင်ပြေစေပါတယ်နော်။

၃။ တခြားအိမ်မွေးတိရစ္ဆာန်လေးတွေထက်နေရာယူမှုနည်းပါးခြင်း။
အကယ်၍သင့်ရဲ့အခန်းဟာကျဉ်းတယ်၊ ဖက်လို့ကောင်းပြီး နေရာအများကြီးမယူတဲ့အိမ်မွေးတိရစ္ဆာန်လေးမွေးချင်တယ်ဆိုတယ်ဆိုရင်တော့ ယုန်လေးတွေကအကောင်းဆုံးပါပဲ။ ယုန်လေးတွေက သူတို့ရဲ့လှောင်ချိုင့်အပြင်မှာ တစ်နေ့ကို ၂ နာရီလောက် ပြေးပြေးလွှားလွှားနေရရင်ကို သူ့အတွက်အဆင်ပြေပါတယ်။ သူတို့ကို လှောင်ချိုင့်ထဲမှာ ထားခဲ့ရင်လည်း အစားစားဖို့အတွက်နဲ့ ယုန်လေး ဟိုလှုပ် ဒီလှုပ်နေဖို့အတွက်နေရာလည်း ထားပေးရပါမယ်နော်။ ယုန်လေးတွေဟာပုန်းပြီးနေရတာကိုကြိုက်တဲ့အတွက်သူတို့အတွက်သေတ္တာလေးတစ်ခုလုပ်ပေးထားရပါမယ်။

၄။ ယုန်လေးတိုင်းမှာ မတူညီတဲ့ ကွဲပြားခြားနားတဲ့ အမူအကျင့်ရှိခြင်း။
လူတော်တော်များကယုန်လေးတွေမှာ ကွဲပြားခြားနားတဲ့အမူအကျင့်ရှိတာကိုမသိကြဘူး။ တစ်ချို့ယုန်လေးတွေက ဆူညံပြီး ကစားသန်တယ်။ တစ်ချို့ယုန်လေးတွေကြတော့ လူတွေနဲ့ (သို့) သူ့အပေါင်းအသင်းတွေနဲ့ ရောရောနှောနှောနေရမှာကို ရှက်တက်ကြတယ်။
အကယ်၍ သင်ဟာယုန်တစ်ကောင်မွေးတော့မယ်ဆိုရင် သူ့ကိုအိမ်မခေါ်လာခင် သူ့ရဲ့အကျင့်လေးကို ကြိုလေ့လာသင့်သလို သင့်ရဲ့အမူအကျင့်နဲ့သူ့ရဲ့အမူအကျင့် ကိုက်ညီမှုရှိမရှိ အရင်လေ့လာသင့်ပါတယ်နော်။

၅။ ယုန်လေးတွေက လွယ်လွယ်ကူကူသင်ယူနိုင်ကြခြင်း။
ယုန်လေးတွေကို အီးအီးနေရာတကျ ပါတတ်ဖို့ လေ့ကျင့်သင်ကြားပေးလို့ရသလို ကောင်းကောင်းမွန်မွန်နေထိုင်စားသောက်တတ်အောင် သင်ကြားပေးလို့ရပါတယ်။
ယုန်လေးတွေကို ခွေးလေးတွေ၊ ကြောင်လေးတွေကို လေ့ကျင့်ပေးသလိုမျိုး သူတို့ရဲ့အမူအကျင့်တွေကိုတွေကိုလည်းအသိအမှတ်ပြုခြင်းနည်း (လေ့ကျင့်ပေးနေစဉ်သူတို့ကြိုက်တဲ့မုန့်ကျွေးတာမျိုး)နဲ့ လေ့ကျင့်ပေးနိုင်ပါတယ်။ ယုန်လေးတွေဟာဆိုရင် ပစ္စည်းပြန်ကောက်ခြင်း၊ ဝင်္ဂဘာထဲပြေးခိုင်းခြင်း၊ အတားအဆီးတွေဖြတ်ကျော်ခိုင်းခြင်းတို့ကို တစ်နေ့မှာမိနစ်အနည်းငယ်လောက်လေ့ကျင့်ပေးနိုင်ပါတယ်။


၆။ အသက်ရှည်ခြင်း။

အိမ်မွေးယုန်လေးတွေဟာဆိုရင်အိမ်ထဲမှာနေပြီး သင့်တင့်တဲ့စောင့်ရှောက်မှုသာရမယ်ဆိုရင် အသက် ၈နှစ်မှ ၁၂ နှစ်အထိ (သို့မဟုတ်) ဒီထက်အသက်ရှည်စွာ ကောင်းကောင်းမွန်မွန်နေနိုင်ပါတယ်။ ယုန်သားပေါက်လေးအချိန်မှာ ကောင်းမွန်စွာစောင့်ရှောက်မယ်ဆိုရင် ယုန်ကြီးဘဝကိုလွယ်လွယ်ကူကူနဲ့ အသက်ရှင်နေနိုင်ပါတယ်။ အိမ်မွေးခွေးလေးတွေ၊ ကြောင်လေးတွေမဟုတ်ဘဲ ယုန်လေးတွေရဲ့ဘဝသက်တမ်းကလည်းအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးဖို့အတွက် အဆင်ပြေပါတယ်။

၇။ ယုန်လေးတွေဟာအရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးရှိခြင်း။

ယုန်လေးတွေဟာဆိုရင်မျိုးစိတ်ပေါင်း ၅၀ကျော်ရှိပြီး၊ မျိုးစိတ်အလိုက်သူတို့ရဲ့ အရွယ်အစား၊ အမွှေးအရောင်၊ အရှည်တွေကွာခြားကြပါတယ်။ မတူညီတဲ့ယုန်မျိုးစိတ်တွေမှာ မတူညီတဲ့အမူအကျင့်တွေရှိကြပါတယ်။ ထို့ကြောင့်ယုန်တစ်ကောင်မွေးမယ်ဆိုရင် သူတို့ရဲ့ပုံပန်းသဏ္ဍာန်သာမကသူတို့ရဲ့အမူအကျင့်တွေကိုပါသိဖို့ကအရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်နော်။


၈။ ယုန်လေးတွေဟာသန့်သန့်ရှင်းရှင်းနေတတ်ပါတယ်။
ယုန်လေးတွေဟာ ခဏခဏ အလေး၊ အပေါ့သွားတတ်ပါတယ်။ သူတို့စွန့်ပစ်ဖို့ကို သန့်ရှင်းခြောက်သွေ့တဲ့ အညစ်အကြေးစွန့်တဲ့ခွက်လေးလုပ်ပေးထားဖို့ လိုအပ်ပါမယ်။ သူတို့ကို အညစ်အကြေး အဲ့မှာပဲ စွန့်အောင်လေ့ကျင့်ပေးထားလို့ရပါတယ်။ ယုန်လေးတွေအညစ်အကြေးစွန့်တဲ့ပစ္စည်းလေးတွေ ဝယ်ယူလို့ရသလို၊ အရမ်းဈေးကြီးလို့မတတ်နိုင်ရင်လည်း စိတ်မညစ်ပါနဲ့နော်။ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့နည်းလမ်းလည်းရှိပါတယ်။ အဲ့အကြောင်းလေး ပက်ယူနတီက တင်ပေးပါဦးမယ်။ 😍

ပိုင်ရှင်တွေကလည်း ကိုယ့်ရဲ့ယုန်လေးတွေကို တစ်ပတ်မှာ ၂ ကြိမ်၊ ၃ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ အမွှေးရှည်ယုန် (ဥပမာ-Angora) တို့ကိုအရမ်းမညစ်ပတ်စေရန် နေ့တိုင်းသူတို့ရဲ့အမွှေးများကိုသန့်ရှင်းပေးသင့်ပါတယ်။ ယုန်တစ်ကောင်မမွေးခင်ဘယ်အချိန်လေ့ကျင့်ခန်းလုပ်ပေးမယ်၊ ဘယ်အချိန်သန့်ရှင်းရေးလုပ်ပေးမယ်ဆိုတာကို ကြိုတင်လေ့လာစဉ်းစားထားသင့်ပါတယ်နော်။ 🤗

၉။ ယုန်တွေဟာအလွန်ချစ်စရာကောင်းခြင်း။
အမွှေးပွယုန်လေးတွေထက် ဘယ်အရာကပိုပြီးချစ်ဖို့ကောင်းနိုင်မှာလဲ။ ဂရုစိုက်ပေးဖို့၊ ကြင်နာပေးဖို့၊ သူလေး ပျော်ရွှင်အောင်ထားပေးဖို့ အချိန်ကောင်းကောင်းပေးနိုင်ရင်တော့ ယုန်လေးတွေက အကောင်းဆုံးအဖော်ဖြစ်နေမှာပါနော်။ 😍🐰

ကျေးဇူးတင်ပါတယ်။
Petunity
Petunity Group
petunity.net
Healthy Pets & Happy You!
#FactsAboutPets
Credit: Dr. Laurie Hess
Dr. Hess is board-certified by the American Board of Veterinary Practitioners in avian (bird) medicine and served as the President of the Association of Avian Veterinarians from 2009-2010. She is also an active member of the Association of Exotic Mammal Veterinarians and the Association of Reptilian and Amphibian Veterinarians

Leave a comment