သင့်ခွေးလေးကို ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးခြင်း။ 😁

သင့်ခွေးလေးနဲ့ အပြင်ထွက်လမ်းလျှောက်ဖို့ပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ဖို့ပဲ ဖြစ်ဖြစ် အစီအစဉ်ရှိပေမယ့် အပြင်မှာ ရာသီဥတုမကောင်းဘူးဆိုရင် စိတ်မညစ်ပါနဲ့။ အိမ်တွင်းမှာပဲသူ့ကို လေ့ကျင့်ပေးလို့ရတယ့် နည်းလမ်းတွေ ရှိပါတယ်။ 😚 🐶

သင့်ခွေးလေးကို ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးခြင်း။

တကယ်လို့ သင့်ခွေးလေးဟာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း နည်းနေသေးရင်တော့ ဒီအချိန်ဟာ သူ့ကိုသင်ပေးဖို့ အတွက် အချိန်ကောင်းပါပဲ။

ခွေးလေးကြိုက်တဲ့ အစားအစာ (သို့) အရုပ်ကို အခန်းရဲ့ တစ်ဖက်မှာထားပြီး သူ့ကိုကြိုးချည်ထားပြီး အခန်းရဲ့ အခြားတစ်ဖက်မှာထားပါ။

ပထမဆုံးသူ့ကို ငြိမ်ငြိမ်သက်သက်ထိုင်ခိုင်းပါ။ 👌

ထို့‌နောက် ကြိုးချည်လျက်သားသူနှင့်အတူ အစာစီသို့ လမ်းလျှောက်ပါ။

တကယ်လို့ သူက ကြိုးကိုစောင့်ဆွဲမယ်၊ ဟောင်သံထွက်လာမယ်ဆိုရင်တော့ စထွက်ခဲ့တဲ့ နေရာစီပြန်သွားပါ။ 🐕

ဒီနည်းအတိုင်း သူလိမ်လိမ်မာမာ ငြိမ်ငြိမ်သက်သက် လိုက်လာမယ့်အထိ ထပ်ကာထပ်ကာလုပ်ပါ။

နောက်ဆုံးကတော့သူ့ကို သူကြိုက်တဲ့အစာနဲ့ ဆုချရမယ့်အချိန်ပါ။ သင့်ခွေးလေးသိသွားမှာကတော့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရင် သူ့ကြိုက်တဲ့ အစာလေးတွေ ပစ္စည်းလေးတွေ ရမယ်ဆိုတာပါပဲ။ 😚 🐩

ကျေးဇူးတင်ပါတယ်
Petunity
Healthy Pets & Happy You!

Leave a comment