ခွေးလေးတစ်ကောင်ကို အညစ်အကြေးသေချာစွန့်တတ်အောင်ဘယ်လိုလေ့ကျင့်သင်ကြားပေးမလဲ။ 😉

အိမ်ကိုခွေးလေးတစ်ကောင်ရောက်လာတာဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးပါပဲ။ ဒါပေမဲ့အိမ်မွေးတိရစ္ဆာန်အသစ်လေးနဲ့အတူ စိန်မှုအသစ်လေးတွေလည်း ပါဝင်လာပါတယ်။ ပထမဆုံးအနေနဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့သူတို့ကိုလေ့ကျင့်သင်ကြားခြင်းပဲဖြစ်ပါတယ်။

တစ်ချို့ခွေးလေးတွေကတော့ သင်ကြားရလွယ်ကူပြီး တစ်ချို့ကတော့အချိန်အတိုင်းအတာတစ်ခုထိဂျစ်ကန်ကန်နိုင်ပါတယ်။
အဲ့လိုသင်ကြားနေစဉ်အတွင်းမှာ စိတ်ရှည်လက်ရှည်ကြင်ကြင်နာနာနဲ့ သင်ကြားပေးဖို့လိုပါတယ်နော်။ 😘💕

သင်ဟာအေးအေးဆေးဆေးနဲ့အခုပြထားတဲ့နည်းလမ်းတွေကိုသာသင်ကြားမယ်ဆိုရင်သင့်ရဲ့ခွေးလေးကိုသင်ကြားရာမှာအရမ်းကိုလွယ်ကူသွားမှာပါ။

အပိုင်း ၁ - အခြေခံနည်းလမ်းများကိုလေ့လာခြင်း။ 👩‍💼
xx

၁။ သင့်ရဲ့အိမ်မွေးတိရစ္ဆာန်အသစ်လေးကိုသင့်ရဲ့အိမ်၊ မိသားစုနဲ့သူတို့ရဲ့နေရာလေးကိုပါ မိတ်ဆက်ပေးပါ။ သင်နေရာအသစ်တစ်ခုကိုရောက်သွားတဲ့ခံစားချက်လိုပဲ သင့်ရဲ့အိမ်မွေးခွေးလေးတွေမှာ သိချင်စိတ်ပြင်းပြခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ကြောက်ရွံခြင်း နှင့် ပျော်ရွှင်ခြင်းတို့ဖြစ်ပေါ်စေပါတယ်။

အခုချိန်ကတော့ သင့်ရဲ့အိမ်မွေးတိရစ္ဆာန်အသစ်လေးနဲ့ ဆက်သွယ်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ သင့်ရဲ့ခွေးလေးဟာသင့်ရဲ့အိမ်၊ သင့်ရဲ့မိသားစုနဲ့ အဆင်ပြေပြေ ယုံယုံကြည်ကြည်ဖြစ်ဖို့ကအရေးကြီးပါတယ်။

သင့်ရဲ့ခွေးလေးကိုဘယ်နေရာမှာဘာလုပ်ရမလဲဆိုတာကိုသင်ကြားပေးရပါမယ်။ အိမ်ထဲမှာပဲလျှောက်သွားပြီးသူ့စိတ်ကြိုက်လုပ်နေခြင်းကိုခွင့်မပြုသင့်ပါဘူး။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် သင့်ရဲ့အိမ်ထပ်ခိုးနှင့်အိပ်ရာများအပေါ်ကိုတက်နေတာမကြိုက်ဘူးဆိုလျှင် သူတို့ကိုဝေးဝေးမှာနေစေပြီး လုံးဝကိုခွင့်မပြုသင့်ပါဘူး။

၂။ သင်ဟာသင့်ရဲ့ခွေးလေးရဲ့ အစားအသောက် အမူအကျင့်တွေကို သိဖို့လိုအပ်ပါတယ်။

ဥပမာ သင့်ရဲ့ခွေးလေးဟာ ချီဝါးဝါးအမျိုးအစားသာဖြစ်ခဲ့မယ်ဆိုရင် သူတို့ရဲ့ဆီးအိတ်လေးကသေးတဲ့အတွက်ကြောင့် ဆီးခဏခဏသွားကြပါတယ်။

ခွေးလေးတော်တော်များများဟာ မှတ်ဉာဏ်ကောင်းကြတာမို့ သူတို့ကြိုးစားပြီးပြောပြကြပါလိမ့်မယ်။

ကျွန်မတို့ဟာ သူတို့ပြောတဲ့အကြောင်းအရာသဲလွန်စလေးကို နားလည်ပြီး လွယ်လွယ်ကူကူနဲ့ဆက်သွယ်နိုင်အောင် သူတို့ရဲ့အမူအကျင့်လေးတွေကို သိရှိအောင်လုပ်ထားသင့်ပါတယ်နော်။

၃။ သင့်ရဲ့ခွေးလေးကိုအမြဲစောင့်ကြည့်နေသင့်ပါတယ်။

သင်လေ့ကျင့်သင်ကြားပေးတဲ့အချိန်အတွင်းမှာ သင့်ရဲ့ခွေးလေးကို မျက်ခြေမပျက်စောင့်ကြည့်သင့်ပါတယ်။

အဲ့လိုစောင့်ကြည့်ခြင်းအားဖြင့် သင့်ခွေးလေးရဲ့လိုအပ်ချက်ကို စောစီးစွာသိရှိနိုင်ပြီး အန္တရာယ်ကျရောက်နိုင်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သင့်ရဲ့ခွေးလေးဟာစက်ဝိုင်းပုံစံလှည့်နေမယ်၊ ကုတ်ခြစ်မယ်၊ နမ်းရှုံ့နေမယ်ဆိုရင် သူအပြင်ထွက်ချင်နေတာလို့ ပြောခြင်းဖြစ်ပါတယ်။

တစ်ခါတစ်လေကျရင်အော်နေမယ်၊ ဟောင်နေမယ်၊ ဒါ့အပြင် တခြားလက္ခဏာများ လုပ်နေရင်တော့သင့်ရဲ့ခွေးလေးနဲ့အတူ အပြင်ထွက်သင့်ပါတယ်နော်။


၄။ ရုတ်တရက်ဖြစ်ပေါ်လာသောအခြေအနေကို ဖြေရှင်းခြင်း။

အကယ်၍သင့်ရဲ့ခွေးလေးဟာ အိမ်ထဲမှာဆီးသွားနေမယ်ဆိုရင် သင်ဟာအလန့်တကြားပြုမူခြင်းကို မပြုလုပ်ရဘူးနော်။

ခွေးလေးကို အိမ်အပြင်ကိုချက်ချင်းခေါ်ထုတ်သွားပါ။ ဒီရည်ရွယ်ချက်ဟာ ခွေးလေးကို ကြောက်အောင်လုပ်ခြင်းမဟုတ်ပါဘူး။ ခွေးလေးရဲ့ အာရုံကိုချက်ချင်းရယူလိုက်မျိုးဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းကို မကြိုက်ကြောင်းဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

ထိုကဲ့သို့တူညီတဲ့စကားလုံးဖြစ်စေ၊ အမူအရာဖြစ်စေ ပြုလုပ်ပြီးသင့်ခွေးလေးရဲ့ အမူအကျင့်ကို မကြိုက်ကြောင်းဖော်ပြသင့်ပါတယ်။

အကယ်၍ သင့်ရဲ့ခွေးလေးအညစ်အကြေးစွန့်ခြင်း အမူအကျင့်မပြောင်းလဲသေးဘူးဆိုရင် ခွေးလေးတော်တော်များများဟာ ထိုအကျင့်ကိုပြောင်းလဲဖို့ မကြိုးစားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

သင်ကြားတဲ့နည်းလမ်းတွေကိုတော့ တူညီစွာပဲ စိတ်ရှည်ရှည် ပြုလုပ်သင့်ပါတယ်နော်။ ဒါပေမယ့် မတော်တဆဖြစ်တာတွေအတွက်တော့ အပြစ်ပေးစရာမလိုပါဘူး။
ခွေးလေးတွေဟာ တစ်ခါတစ်လေ သူတို့အမှားလုပ်လိုက်မှန်းတောင်သူတို့ကိုယ်တိုင်မသိပါဘူး။

အတင်းအကြပ်လုပ်ခဲ့မယ်ဆိုရင် သူတို့ဟာဘာမှမမှတ်မိပဲ သင့်ကိုအမြဲကြောက်ရွံနေပါလိမ့်မယ်။

ခွေးလေးတွေအတွက်သီးသန့်နေရာထားပေးခြင်း။
သင့်ရဲ့ခွေးလေးအတွက် အပြင်ဘက်မှာတိကျတဲ့နေရာတစ်ခုသတ်မှတ်ထားပြီး အမြဲလိုလိုသွားဖို့လိုအပ်ပါတယ်။ ထို့အပြင် တခြားခွေးလေးတွေမလာနိုင်မယ့် နေရာမျိုးဖြစ်ရမယ့်အပြင် လွယ်လွယ်ကူကူသန့်ရှင်းနိုင်မယ့် နေရာမျိုးလဲဖြစ်ရမယ်။

သင့်ရဲ့ခွေးလေးဟာ ဆီးအနံ့ကို မှတ်မိနေပြီဆိုရင်တော့ အဲ့အနံ့ရရှိတဲ့နေရာကို အညစ်အကြေးစွန့်တဲ့နေရာအဖြစ် လုပ်သင့်ပါတယ်နော်။

ရွေးချယ်ထားတဲ့နေရာဟာလွယ်လွယ်ကူကူသွားနိုင်မယ့် နေရာမျိုးလည်းဖြစ်ရပါမယ်။ လေ့ကျင့်နေတဲ့အချိန်မှာလည်း ထိုနေရာကိုခဏခဏသွားသင့်ပါတယ်။

သင့်တော်တဲ့အသံ(သို့မဟုတ်) စကားဖြင့်အမိန့်ပေးခြင်း။
သင့်ရဲ့ခွေးလေးနဲ့အပြင်သွားတဲ့အခါ”ဂိုး”ဒါမှမဟုတ် တစ်ခြားစကားလုံးသုံးပြီးလေ့ကျင့်ပေးသင့်ပါတယ်။ အဲ့လိုသင်ပေးခြင်းဟာဆိုရင် တိကျတဲ့နေရာကို သင့်ခွေးလေးသွားအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။

ထိုသို့လေ့ကျင့်ပေးခြင်းအားဖြင့် သင့်ခွေးလေးဟာ သင်ပြောသမျှကိုနားလည်လာမှာဖြစ်ပါတယ်။ ထို့အပြင်ဘယ်အချိန် ဘယ်နေရာမှာအညစ်အကြေးစွန့်ပစ်ရမလဲဆိုတာကိုပါ သင့်ခွေးလေးကိုသင်ကြားပေးနိုင်ပါတယ်။

အောင်မြင်မှုကိုအသိအမှတ်ပြုခြင်း။
သင့်တင့်တဲ့နေရာမှာ သင့်တင့်တဲ့အသိပြုခြင်းကို ပြုလုပ်သင့်ပါတယ်နော်။ ပျော်ရွှင်တဲ့အသံနဲ့သင့်ခွေးလေးကို သင့်ရဲ့ချစ်ခြင်းမေတ္တာတွေပြသနိုင်ပါတယ်။

သင့်ရဲ့ခွေးလေးအတွက် ပျော်ရွှင်စရာအချိန်နဲ့ဆုပေးခြင်းများလည်းရှိသင့်ပါတယ်။ သင့်ရဲ့ခွေးလေးကို ကြင်ကြင်နာနာနဲ့ အားပေးသင့်ပါတယ်။

သင့်ရဲ့ခွေးလေးအညစ်အကြေးစွန့်နေစဉ်မှာ သင်ဟာကြားဖြတ်မဝင်သင့်ပါဘူး။ ထိုအချိန်မှာသူတို့ကိုလွတ်လွတ်လပ်လပ်ထားသင့်ပါတယ်။

- The End -

Petunity
Petunity Group
petunity.net
Healthy Pets & Happy You!

Credit: How to potty train a puppy!

Leave a comment