ခွေးလေးတွေကို တံခါးခေါင်းလောင်းသံနဲ့ အကျွမ်းတဝင်ရှိအောင်လေ့ကျင့်ပေးခြင်း။ 🔔🧡🐾

ခွေလေးရှိတဲ့ အိမ်တော်တော်များများမှာ ကြုံတွေ့ရတာကတော့ အိမ်ကိုဧည့်သည်လာတဲ့အခါ သူတို့ဟာ ဟောင်လေ့ရှိတတ်ကြပါတယ်။

ဝုတ်ဝုတ် ^^ 🐶

သင့်ရဲ့ခွေးလေးကို ခေါင်းလောင်းသံကြားတဲ့အခါ သင်သတ်မှတ်ပေးထားတဲ့နေရာမှာ ထိုင်တတ်အောင်လေ့ကျင့်ပေးပါ။ 🐕

ပထမဆုံးခေါင်းလောင်းသံမပါဘဲ လေ့ကျင့်ပါ။

သင်ကအိမ်ရှေ့တံခါးကိုသွားတဲ့အခါ သင့်ခွေးလေးကို သူ့အတွက်သတ်မှတ်ထားတဲ့နေရာကိုပို့ပေးပါ။

သူကဒီအလေ့အကျင့်ကိုမှတ်မိသွားပြီဆိုရင် တံခါးခေါင်းလောင်းသံနဲ့လေ့ကျင့်ပါ။ တံခါးခေါင်းလောင်းသံကြားတဲ့အခါ သင်ကခွေးလေးကို သူ့အတွက်နေရာထံပို့ပေးပါ။

သူဟာဒီအလေ့အကျင့်ကို ကောင်းကောင်းမှတ်မိသွားပြီဆိုရင်တော့ တံခါးခေါင်းလောင်းသံကြားလို့ သင်အိမ်ရှေ့တံခါးသွားဖွင့်တဲ့အချိန်မှာ သူဟာသူ့အတွက်သတ်မှတ်ထားတဲ့နေရာမှာ ငြိမ်ငြိမ်သက်သက်ထိုင်နေပါလိမ့်မယ်။ 😍😘

ကျေးဇူးတင်ပါတယ်
Petunity
Healthy Pets & Happy You!

Leave a comment