ကြောင်ကလေးတွေက သူတို့ရဲ့ ကြောင်မေမေကြီးနဲ့ ဘယ်အချိန်ထိ အတူတူရှိနေသင့်လဲ 😇

ကြောင်ကလေးတွေကို မွေးတဲ့အခါ ရောင်းချတဲ့ တိရစ္ဆာန်ပေါက်စလေးတွေကို မွေးတာပဲလို့ အများက ထင်ကြတယ်။ မွေးတဲ့ နေရာက သာမန်နေရာပဲ ဖြစ်နေပါစေ၊ ကြောင်ကလေးက အရမ်းငယ်လွန်းနေရင် အိမ်အသစ်၊ နေရာအသစ်မှာ မွေးတာကလည်း သူ့အတွက် အန္တရာယ်များလွန်းလှပါတယ်။ ကြောင်မေမေကြီးနဲ့ မကြာသေးခင်ကပဲ ခွဲလာတာဆိုရင်တော့ လိုအပ်တဲ့ အဟာရဓာတ်တွေ ချို့တဲ့သွားနိုင်တာပေါ့။ 😓

ကြောင်ကလေးများနှင့် အသက်အရွယ် 🐈


ပုံမှန်အားဖြင့်တော့ ကြောင်မေမေကြီးတွေက သူတို့ရဲ့ ကြောင်ကလေးတွေကို တစ်လသားအရွယ်မှာ စပြီး နို့မတိုက်တော့ပါဘူး။ ဒါမယ့် အဲအချိန် ကြောင်ကလေးတွေကို မွေးလို့ မရသေးဘူးနော်၊ ဘာလို့လဲဆိုတော့ နို့ဖြတ်တယ်ဆိုတာက ရက်သတ္တပတ်ပေါင်းများစွာ ကြာနိုင်တယ်လေ။ နို့ဖြတ်တဲ့ကာလက နောက်တစ်လလောက် အထိပါ ဆက်ကြာသွားနိုင်သလို ၈လသား၊ ၁၀လသားအရွယ်ရောက်ပြီ ဆိုရင်တော့ နို့ပြတ်သွားပါတယ်။ အဲလို အချိန်ရောက်တာနဲ့ ကြောင်ကလေးတွေက သူတို့အတွက် သီးသန့်ထုတ်ထားတဲ့ ကြောင်စာလေးတွေကို စစားကြပါတယ်။ နို့ဖြတ်တဲ့ ကာလ အကူးအပြောင်းမှာကတည်းက သူတို့လေးတွေကို အဲလို ကြောင်စာမျိုးလေးတွေ နည်းနည်းချင်း စကျွေးနိုင်ပါတယ်။ ကြောင်ကလေးတွေကို နေရာသစ်မပို့ခင် အစာခြောက်ကျွေးတော့မယ်ဆိုရင်တော့ အချိန်ယူဖို့လိုအပ်တယ်နော်။

ကြောင်ကလေးတွေကို မြန်မြန်သားခွဲလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်


နေရာသစ်တစ်ခုကို အချိန်မကျခင် စောစောပို့လိုက်တာနဲ့ ကျန်းမာရေးနဲ့ လှုပ်ရှားမှုတွေမှာ စိုးရိမ်စရာတွေ ဖြစ်လာတတ်တယ်။ ကြောင်ကလေးတွေ နောက်ပိုင်းမှာ ကျန်းမာစေဖို့ မွေးမွေးပြီးချင်း အဲလိုအချိန်မျိုးတွေမှာ ပိုပြီး ဂရုစိုက်ရပါတယ်။ ကိုလိုစထရမ်နဲ့ အဟာရဓာတ်စာတွေက ကြောင်ကလေးတွေရဲ့ အရိုးသန်မာစေဖို့ရယ်၊ မျက်စိကျန်းမာရေးရယ် အင်္ဂါအစိတ်အပိုင်းဖွံ့ဖြိုးမှုတွေအတွက် အထောက်အကူပါပဲ။ ကြောင်ကလေးတွေကို နို့စောစောဖြတ်ရင် နောက်ပိုင်းကျရင် ကြီးထွားမှုဆိုင်ရာ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

ကြောင်မေမေကြီးနဲ့ အစောကြီးခွဲလိုက်မယ်ဆိုရင် နေရာအသစ်မှာ နေသားကျဖို့ရယ် ပိုင်ရှင်အသစ်တွေနဲ့ နေဖို့အတွက် သူတို့လေးတွေမှာ အခက်အခဲရှိနိုင်ပါတယ်။ သူ့အမေ၊ မွေးချင်းတွေနဲ့ နေထိုင်မှ ကြောင်ကလေးတွေက နေသားတကျနေတတ်ပြီး အပြုအမူကောင်းများကို သင်ယူနိုင်မှာပါ။ အဲလိုအတူတူမနေဘူးဆိုရင် ကြောင်ကလေးတွေမှာ ကြောက်တတ်တာတွေ ရှက်တတ်တာတွေနဲ့ ရန်လိုတတ်တာတွေ ဖြစ်လာတတ်ပါတယ်။

ကြောင်မေမေကြီးသာ အနားမှာ မရှိခဲ့ရင်...... 😞


ကြောင်မေမေကြီးသာ မရှိဘူးဆိုရင်တောင် (ကြောင်မေမေကြီးက ကားတိုက်ခံရတာမျိုး၊ ကြောင်ကလေးကို မွေးကတည်းက လာစွန့်ပစ်သွားတာမျိုး) ကြောင်ကလေးကို လိုအပ်တဲ့ အဟာရနဲ့ ကျန်းမာဖို့အတွက် ပြုစုပေးနိုင်ပါတယ်။


တစ်ချို့တိရစ္ဆာန်ဂေဟာတွေက ကြောင်ကလေးတွေကို ပြုစုပျိုးထောင်သင်ကြားပေးဖို့ မွေးစားတတ်ကြပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် သီးသန့်ထုတ်ထားတဲ့ မိခင်နို့အရသာတိုင်း အဟာရရရှိနိုင်မယ့် နို့အစားထိုးကြောင်စာတွေကိုလည်း ဝယ်ကျွေးလို့ရပါတယ်။ 😻

အသင့်တော်ဆုံး အသက်အရွယ်


အကောင်းဆုံးကတော့ ကြောင်ကလေးတွေက ၁၂ ပတ်သား အရွယ်ရောက်မှသာ နေရာအသစ်ကို သွားသင့်ပါတယ်။ အချို့ကြောင်ကလေးတွေက စောစောသွားနိုင်ပေမယ့် သူတို့ရဲ့ အနာဂတ်လေးတွေ ကောင်းမွန်စေဖို့ ၁၂ ပတ်၊ ၁၃ ပတ်အထိ စောင့်ကြည့်သင့်တယ်နော်။ သင့်ကြောင်ကလေးတွေ ကျန်းမာဖို့ နေသားကျဖို့ ကြီးထွားမှုနှုန်းကောင်းမွန်စေဖို့အတွက် ကြောင်မေမေရယ် မွေးချင်းတွေရယ် တူတူနေထိုင်သွားဖို့ လိုပါတယ်။ ❤️❤️

တကယ်လို့များ သူငယ်ငယ်လေးကတည်းက နေရာအသစ်ကို ရောက်လာတာဆိုရင်တော့ သင်လုပ်ရမှာက အချိန်ကောင်းကောင်းပေးပြီး သူ နေရာအသစ်မှာ နေသားကျရဲ့လား၊ သူ့ရဲ့ ကြီးထွားမှုနှုန်းတွေ လှုပ်ရှားမှုပိုင်းဆိုင်ရာတွေကို သေသေချာချာ စောင့်ကြည့်ရမှာပါ။ သူ မရရှိလိုက်တဲ့ အဟာရတွေအစား ကောင်းမွန်တဲ့ အစားအသောက်တွေကို အစားထိုး ကျွေးရမယ်နော်။ 😍

Leave a comment