ကြောင်လေးတွေအတွက် သန်ချခြင်း နှင့် သန်းတွယ်ခြင်းကို ထိန်းချုပ်ခြင်း

ကြောင်လေးတွေ အသက် ၁၂ ပတ် မတိုင်ခင်မှာ သန်ချခြင်းကို ၂ ပတ် တစ်ခါ လုပ်ပေးဖို့ အရေးကြီးပါတယ်။ ၁၂ ပတ်ထက်ကြီးသွားရင်တော့ ၃ လတစ်ခါ သန်ချပေးရပါမယ်။ 🐈

သင့်ရဲ့ကြောင်လေး သန်းကင်းစင်စေရန် အတွက် လစဉ် သန်းပျောက်ဆေး သုံးပေးရပါမယ်။ ပြီးတော့ သင့်ရဲ့အိမ်ကိုလည်း ကြောင်သန်းမရှိအောင် သန့်ရှင်းပေးရပါမယ်။ 🐱

တုတ်ကောင်တွေနဲ့ သန်လုံးကောင်တွေဟာ လူတွေ အထူးသဖြင့် ကလေးငယ်တွေကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ 🐈

🐛တုတ်ကောင်များ - တုတ်ကောင်အမဟာ တစ်နေ့ကို ဥ ၃၀,၀၀၀ ကျော် ဥနိုင်ပါတယ်။ ဒီဥတွေဟာ မစင်ထဲမှာ အကောင်ပေါက်ဖွားနိုင်ပါတယ်။ တုတ်ကောင်တွယ်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ အစာစားချင်စိတ်မရှိခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ဝမ်းလျှောခြင်းတို့ပဲ ဖြစ်ပါတယ်။

🐛သန်လုံးကောင် - ကြောင်ပေါက်လေးတွေနဲ့ ကြောင်ငယ်လေးတွေ ၆၀ ရာခိုင်နှုန်းဟာ သန်လုံးကောင် ကူးစက်ခြင်းကို ခံစားနေရပါတယ်။ ကြောင်လေးတွေထံကို သူတို့ မိခင်တွေမှ တစ်ဆင့်လည်း ကူးစက်ပါတယ်။ သန်လုံးကောင်တွယ်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ အစာစားချင်စိတ်မရှိခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ချောင်းဆိုးခြင်း နဲ့ အန်ခြင်းတို့ ဖြစ်ပါတယ်။

🐛သန်ပြားကောင် - ကြောင်သန်းတွေမှာ သန်ပြားကောင်တွေ ကြီးပြင်းနိုင်ပါတယ်။ ကြောင်တွေဟာ သူတို့ခန္ဓာကိုယ်ကို လျှာနဲ့ လျက်ရင်းနဲ့ ကြောင်သန်းတွေကို စားမိတတ်ပါတယ်။ သန်ပြားကောင်တွေဟာ ကြောင်တွေရဲ့ အူလမ်းကြောင်းမှာတွယ်ပြီးတော့ ကြောင်တွေရဲ့ စအိုတစ်ဝိုက်မှာ ယားယံခြင်းတွေကို ဖြစ်စေပါတယ်။ သန်ပြားကောင်တွေဟာ ကြောင်တွေကို ကျန်းမာရေးမှာ ဆိုးဆိုးရွားရွား ဒုက္ခမပေးနိုင်ပေမယ့် စိတ်ဖိစီးမှုတွေ၊ သက်တောင့်သက်သာမရှိစေမှု တွေ ဖြစ်နိုင်ပါတယ်။

https://petunity.net/blogs/facts-about-pets ကိုဝင်ရောက်၍လည်းဖတ်ရှုနိုင်ပါတယ်နော်။ 😉🐈🐈🐾

1 comment

Pyae Sone Win

အိမ်ကကြောင်လေး သန်ကောင်ရှိနေလို့ဘယ်လိုကုရမလဲဗျ

Leave a comment