ဖျားနေသောပူစီလေးကို ဘယ်လိုပြုစုမလဲ?💁‍♀️

သင့်ကြောင်လေး ဘာလို့ ဟပ်ချိုးနေတာလဲ။
xx
ကြောင်လေးတွေက အကြောင်းအမျိုးမျိုးကြောင့် ဟပ်ချိုးနိုင်ပေမယ့် သင့်ကြောင်လေး ဟပ်ခဏခဏချိုးနေပြီဆိုရင် ဘာကြောင့်ပဲဖြစ်ဖြစ် စိတ်ပူရပြီပေါ့ (🙀ညောင်ချိုး!!!)။ ဒါပေမယ့် သတင်းကောင်းက သင့်ကြောင်လေး ဟပ်ချိုးနေရုံဆိုရင် (ဥပမာ - မျက်ဝတ်ထွက်တာ၊ နှာရည်ယိုတာ၊ အစားအသောက်ပျက်တာ၊ အပြုအမူလှုပ်ရှားမှုပြောင်းလဲတာတွေ မရှိရင်) သိပ်စိုးရိမ်ဖို့ မလိုသေးပါဘူး 😺။ မျက်ဝတ်တွေ၊ နှာရည်တွေ ထွက်နေပြီး ဟပ်လည်း ချိုးနေပြီဆိုရင်တော့ သင့်ပူစီညောင်လေးမှာ အဖျား၊ ဒါမှမဟုတ် စိုးရိမ်ဖွယ်ရာ အသက်ရှုလမ်းကြောင်းကူးစက်ရောဂါ ရှိနေနိုင်ပါပြီ။ ဒန်ဒန် 😯😯🤔

ကြောင်လေးတွေရော ဖျားတတ်ကြသလား။ 🐈🤔
xx
ဒီဇာတ်လမ်းကတော့ ဟပ်ချိုးပြီးရင် လာတတ်ပါတယ်။
သင့်ပူစီညောင်လေးမှာ စိုးရိမ်ဖွယ်ရာ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါရှိနေတာက သင်အအေးမိတာထက် ပိုစိုးရိမ်ဖို့ကောင်းပါတယ်။ သူ့အလိုလိုပျောက်ကင်းဖို့ခက်တဲ့အတွက် ဆေးကုပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ကြောင်ပေါက်စလေးတွေ၊ ကြောင်ဖိုးဖိုးဖွားဖွားတွေနဲ့ ကြောင်ချူချာလေးတွေမှာ အဖြစ်များပါတယ်။ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
မီးညောင်လေးတွေ အအေးမိနေပြီဆိုရင်တော့ အောက်ပါယေဘုယျလက္ခဏာတွေ တွေ့ရပါလိမ့်မယ်။
- နှာချေခြင်း
- မကြာခဏအကြောဆွဲခြင်း (နာရီပိုင်း (သို့) ရက်အနည်းငယ်အတောအတွင်း)
- မျက်ဝတ်ထွက်ခြင်း (သို့) နှာရည်ယိုခြင်း (ညိုညစ်ညစ်အရောင်၊ အဝါရောင် (သို့) အစိမ်းရောင်နှင့် ချွဲပျစ်ပျစ်အရာများ)
- ချောင်းဆိုးခြင်း
- လေးကန်ထိုင်းမှိုင်းနေခြင်း
- အစာမစားခြင်း (ခံတွင်းပျက်ခြင်း)
- ကိုယ်ပူခြင်း
- ရေမသောက်ခြင်း
- မျက်ဖြူလန်ခြင်း

ဖျားနေသောမီးညောင်လေးကို ချက်ချင်းလက်ငင်း ပြုစုစောင့်ရှောက်ခြင်းနှင့် လုပ်ပေးနိုင်သည့်အရာများ 🐈🤔
xx
- ရေနွေးဆွတ်ထားသော ဂွမ်းစကို အသုံးပြုပြီး မျက်ဝတ်နှင့် နှာရည်မျာကို ဖယ်ရှားပေးပါ။
- နွှေးထားသောစည်သွပ်ဘူးအစားအစာ (သို့) အသားအရသာပါရှိသည့် ကလေးစာတို့အား သင့်ပူစီကြောင်လေး အားရှိစေရန် ကျွေးပါ။🥫
- သောက်စရာအတွက် သန့်ရှင်းလတ်ဆတ်သောရေကို အလုံအလောက်ထားပေးပါ။🥛
- လူသုံးဆေးဝါးအများစုသည် ပူစီညောင်လေးများကို အဆိပ်အတောက်ဖြစ်စေနိုင်သောကြောင့် တိရစ္ဆာန်ဆရာဝန်နှင့် မတိုင်ပင်ဘဲ မည်သည့်ဆေးဝါးကိုမျှ မတိုက်ကျွေးပါနှင့်။
- မည်သည့်မီးညောင်မဆို၊ မည်မျှပင်တက်ကြွနေစေကာမူ ကနဦးအအေးမိလက္ခဏာရပ်များ တွေ့ရှိပါက တိရစ္ဆာန်ဆရာဝန်ကို ပြသသင့်ပါတယ်။
- ဒါအပြင် ပူစီညောင်လေး ခံတွင်းပျက်နေပါက (သို့) လှုပ်ရှားမှုမရှိပါက အရေးကြီးသော အခြေအနေဖြစ်ပြီး ဆရာဝန်နှင့် ချက်ချင်းပြသလိုက်ဖို့လိုအပ်ပါပြီခင်ဗျာ။

ဖျားနေသောပူစီလေးကို ဘယ်လိုပြုစုမလဲ?💁‍♀️
xx
အအေးမိရောဂါ ဗက်တီးရီးယားပိုးကို ကုသရန် သင့်ပူစီလေးကို ပဋိဇီဝဆေး တိုက်ကျွေးရန်လိုအပ်ပါတယ်။ အဲ့အချိန်အတောအတွင်း ပူစီလေးရဲ့ ကိုယ်ခံအားစနစ်က ကူးစက်ရောဂါဗိုင်းရက်စ်ပိုးကို တိုက်ထုတ်နိုင်ပါတယ်။
သင့်ပူစီလေး ခံတွင်းပျက်နေပါက (သို့) ရေဓာတ်ခမ်းခြောက်နေပါက သူ့ကို ဆေးရုံတင်ရန်လိုအပ်ပြီး သူ့ဘာသာ အစာမစားနိုင်ခင်အချိန်အတွင်း အကြောဆေးရည် သွင်းပေးရန်လိုအပ်ပါတယ်။

အစာစားချင်စိတ်ပြန်လည်ဖြစ်ပေါ်လာအောင် ဗီတာမင်ဘီ ဓာတ်နှင့် အစာစားချင်စိတ်ဖြစ်ပေါ်စေသောဆေးများ ဆရာဝန်နဲ့တိုင်ပင်ပြီး တိုက်ကျွေးနိုင်ပါတယ်။ ၎င်းနည်းလမ်းနှစ်ခုလုံးက သင့်ပူစီလေး အစာစားချင်စိတ်ဖြစ်ပေါ်လာအောင် မကူညီပေးနိုင်ပါက မရမက(အတင်းအကျပ်) အစာကျွေးရန် လိုအပ်ပါတယ်နော်။



The End

Credit: How to take care of your sick cat

6 comments

kyawyehtut

အိမ်ကပူစီလေးမာ ဒီလက္ခဏာတေဖြစ်နေပါတယ်
ဘယ်လိုပြုစုရမာလဲ ဘယ်လိုဆေးမျိုးတိုက်သင့် ထိုးပေးသင့်လဲ
တိကု​ဆေးခန်း မရှိတဲ့နယ်​ဝေးကပါ

moe moe

ကြောင်လေးနေမကောင်းလို့ပါဝမ်းမသွားဘဲဗိုက်လည်းပူနေပါတယ်2လသားလေးပါHelp me

moe moe

ကြောင်လေးနေမကောင်းလို့ပါဝမ်းမသွားဘဲဗိုက်လည်းပူနေပါတယ်Help me

moe moe

ကြောင်လေးနေမကောင်းလို့ပါဝမ်းမသွားဘဲဗိုက်လည်းပူနေပါတယ်Help me

Petunity

ကလေးတွေ Flu ခံစားပြီးဒီလိုလေးဖြစ်သွားလို့ စိတ်မကောင်းပါဘူးနော်။ ဒီလိုထပ်မဖြစ်အောင် သူစားတဲ့ ပန်းကန်၊ အိပ်ရာ၊ အီးအီးပါတဲ့နေရာတို့ကို အမြဲသန့်ရှင်းအောင်ပြုလုပ်ပေးပါနော်။ Flu က virus တစ်မျိုးဆိုတော့ resistance ရှိရင် ပြန်ပြီး နလံထူပါတ
ကလေးလေးတွေကို အားဆေးကျွေးဖြစ်လားအစ်မ။ သူတို့ပုံမှန် ဘာစားလဲ။ သူတို့ကြိုက်တဲ့အစာလေးတွေ၊ အားဖြစ်တဲ့ အစာခြောက်လေးတွေလည်းကျွေးကြည့်ပါနော်။ ကလေးလေးတွေ အားဖြစ်တဲ့အခါကျရင်လည်း သန်ပုံမှန်ချပေးပါနော်။ သူတို့ကို နွေးထွေးစွာ ဂရုစိုက်ပြီး စကားခဏခဏ ပြောပေးပါနော်။

Leave a comment