ယုန်လေးတွေကို အသက်အရွယ်အလိုက် အစာကျွေးခြင်း။

ယုန်လေးတွေချစ်လို့ မွေးထားပြီဆိုရင် သူတို့နဲ့ပတ်သက်ပြီး နဲနဲပါးပါးသိထားတာထက် အများကြီးပိုသိတာက ကလေးတွေကို ပိုမိုဂရုစိုက်နိုင်မှာပါ။

Petunity မှာ တိရိစ္ဆာန်လေးတွေနဲ့ ပတ်သက်ပြီး တူတူဂရုစိုက်ကြပြီး တူတူချစ်ကြမယ့် အကြောင်းလေးတွေ တင်ပေးနေမှာမို့ အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 🐰😊

ကဲ ခုတော့ ယုန်လေးတွေအကြောင်း ဖတ်လိုက်ရအောင်။ 😘

 

 

ယုန်လေးတွေကို အစာကျွေးရာမှာ အရည်အသွေးကောင်းတဲ့ pelletများ၊ လတ်ဆတ်တဲ့ကောက်ရိုး၊
မြက်ခြောက်များ၊ ရေနဲ့ အသီးအရွက်များကို သေချာစွာ ချင့်ချိန်ကျွေးရပါမယ်။ လူများကဲ့သို့ ယုန်များကိုလဲ သူတို့ အသက်အရွယ် အလိုက် ကျန်းမာစေရန်၊ ကြီးထွားစေရန်နဲ့ အစာကြေစေရန် အတွက် အစာပမာဏကို ချင့်ချိန်ကျွေးရပါတယ်။ ယုန်လေးတွေကို အစာကျွေးရာတွင် အစာပမာဏကို ရုတ်တရက်ကြီး ပြောင်းလဲမကျွေးသင့်ပါ။ အစာအသစ်များကိုလဲ ဖြည်းဖြည်းချင်းစကျွေးရပါမယ်။
ရေကို အမြဲမပြတ်ထည့်ပေးထားရပါမယ်။ ရေနဲ့ သူတို့အစာခွက်များ သန့်ရှင်းစေဖို့ အမြဲဂရုစိုက်ပါ။

Baby Rabbits (ယုန်လေးများ)

ယုန်ပေါက်စလေးများကို ပထမ သုံးပတ်မှာ အမေနို့ကိုသာ တိုက်ကျွေးသင့်ပါတယ်။ သုံးပတ်ပြီးနောက် pelletနဲ့ ကောက်ရိုးခြောက်များ(alfalfa hay)ကို အနည်းငယ်စကျွေးလို့ရပါပြီ။ ခုနစ်ပတ်ရှိသွားရင်တော့ သူတို့ဟာ pellet နဲ့ alfalfa hayကို ကောင်းကောင်းစားနိုင်ပါပြီ။ ယုန်လေးများဟာ အမေနို့ကို အသက်ရှစ်ပတ်အထိ သောက်သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ ယုန်အမျိုးအစားပေါ်လိုက်ပြီး အချိန်ကွာခြားနိုင်ပါတယ်။

Juveniles (အသက်ရှစ်ပတ်မှ ခုနှစ်လအထိ)

သူတို့ကိုတော့pelletနဲ့ alfalfa hayများကို သူတို့စားနိုင်ရင် စားနိုင်သလောက်ကျွေးနိုင်ပါတယ်။
အသက်သုံးလကစပြီးတော့ အသီးအရွက်များကို ဖြည်းဖြည်းချင်း တစ်ခါကျွေးရင်တစ်မျိုးလောက် စမ်းကျွေးကြည့်ပါ။ တကယ်လို့ အသီးအရွက် တစ်မျိုးမျိုးက သူတို့ကို အစာမကြေပုံပေါ်ပါက အဲ့အသီးအရွက်အမျိုးအစားကို ဆက်မကျွေးသင့်တော့ပါ။

Young Adults (အသက်ခုနှစ်လမှ တစ်နှစ်အထိ)

သူတို့ကိုတော့ timothy(မြက်ပင်တစ်မျိုး)၊ မြက်ခြောက်(grass hay)၊ ဂျုံပင်ခြောက်(oat hay)များကို ကျွေးနိုင်ပါတယ်။ ကောက်ရိုးခြောက်၊ မြက်ခြောက်တွေမှာပါတဲ့ fiberက သူတို့အစာခြေစနစ်အတွက် အရေးပါပါတယ်။ Alfalfa hayနဲ့ pellet အနည်းငယ်ကို လည်း ကျွေးနိုင်ပါတယ်။ Alfalfa hayနဲ့ pelletကို ဒီအသက်အရွယ်မှာ အများကြီးကျွေးခြင်းဟာ အလေးချိန်ပြဿနာဖြစ်စေပါတယ်။ အဲ့ဒါကြောင့် ခွက်တစ်ဝက်လောက်သာ ကျွေးပြီး အသီးအရွက်တွေ ကိုသာ ဦးစားပေးကျွေးရပါမယ်။ သူတို့ကို သစ်သီးအချို့ အနည်းငယ်စကျွေးနိုင်ပါပြီ။

Mature Adults (အသက်တစ်နှစ်အထက်)

သူတို့ကိုတော့ ကောက်ရိုးခြောက်တွေ၊ မြက်ခြောက်တွေ၊ timothyတွေကို အကန့်အသတ် မရှိကျွေးနိုင်ပါတယ်။ ဒါပေမဲ့ pelletကိုတော့ ခွက်ရဲ့ လေးပုံတစ်ပုံသာ ကျွေးရပါမယ်။ အသီးအရွက်များကို တစ်နေ့ သုံးမျိုးလောက်ကျွေးရပါမယ်။ သစ်သီးတွေကိုတော့ အနည်းငယ်သာ ကျွေးသင့်ပါတယ်။

Seniors (အသက်ခြောက်နှစ်အထက်)

သူတို့ကိုတော့ mature adultsများကို ကျွေးသလို ကျွေးနိုင်ပါတယ်။ အကယ်၍သူတို့ အလေးချိန် ကျဆင်းနေရင် pelletကို အနည်းငယ် ပိုကျွေးသင့်ပါတယ်။


Credit: Veterinary & Aquatic Services Department, Drs. Foster & Smith

Leave a comment