ခွေးလေးတွေ မွေးမြူထားသူတိုင်း သိသင့်သည့် အကြောင်းအရာများ

၁။ ခွေးလေးတွေလည်း သွားကျိုးလေ့ရှိပါတယ်။ 🐶🤭

ခွေးပိုင်ရှင်တွေက ခွေးလေးတွေရဲ့ ချွန်ထက်တဲ့ သွားသေးသေးလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ ဒါပေမယ့် ခွေးလေးတွေရဲ့သွားကို ကြမ်းပြင်ပေါ်မှာတွေ့ရပြီဆိုရင်တော့ အနည်းနဲ့ အများတော့ ထိတ်လန့်ကြမှာပါပဲ။

တကယ်တော့ ခွေးလေးတွေဟာလည်း အသက်ကြီးလာတာနဲ့အမျှ သွားကျိုးလေ့ရှိပါတယ်။ ခွေးလေးတွေဟာ အသက် ၃ ပတ်အရွယ်ဆိုရင် ငယ်သွားလေးတွေစပေါက်ပါပြီ။ အသက် ၄ လသားဆိုရင်တော့ ငယ်သွားလဲပါပြီ။

ဒါ့ကြောင့် သူတို့ရဲ့ ငယ်သွားလေးတွေကျိုးနေတာတွေ့ရင် အထိတ်တလန့် မဖြစ်ပါနဲ့။ ဒါပေမယ့် သင့်ရဲ့ ခွေးလေးဟာ မသက်သာသလိုဖြစ်နေရင်တော့ တိရစ္ဆာန် ဆရာဝန်နဲ့ ဆက်သွယ်ပါ။

၂။ ခွေးလေးရဲ့ နှာခေါင်းဟာ ခြောက်သွေ့ပူနွေးနေပြီ ဆိုတာနဲ့တင် အဖျားလို့မထင်ပါနဲ့။ 🐕🐺👃

ခွေးလေးတွေရဲ့ နှာခေါင်းဟာ ခြောက်သွေ့ပူနွေးနေပြီဆိုရင် ဒီခွေးလေးဖျားနေပြီဆိုတဲ့ အယူအဆအလွဲ ရှိပါတယ်။ ခွေးတစ်ကောင်ရဲ့ အပူချိန်ဟာ တစ်နေ့တည်းမှာတင် အ‌တက်အကျရှိနိုင်ပါတယ်။

ဒါ့ကြောင့် ဒီအယူအဆအလွဲအစား ခွေးလေးရဲ့ အပြုအမူကိုသာကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။ ခွေးလေးတစ်ကောင်ရဲ့ ပုံမှန်အပူချိန်ဟာ ၁၀၀ ကနေ ၁၀၂.၅ အတွင်းရှိပါတယ်။ ခွေးလေးနေမကောင်းဘူးဆိုရင်တော့ တိရစ္ဆာန်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

၃။ ၄လသားအောက်ခွေးလေးတွေဟာ နေ့တစ်နေ့ရဲ့ ၇၅% လောက်ကို အိပ်ပါတယ်။ 💤💤🐶

ခွေးငယ်လေးတွေဟာ အနားယူဖို့လိုအပ်ပါတယ်။ အိပ်စက်ခြင်းဟာ သူတို့ရဲ့ ကြီးထွားနှုန်းကို အကူအညီ ပေးနိုင်ပါတယ်။ သင့်ခွေးလေးကို တစ်နေ့ကို ၁၈ နာရီကနေ နာရီ ၂၀လောက် အိပ်နိုင်အောင် စီစဉ်ပေးဖို့ အကြံပေးချင်ပါတယ်။

၄။ ခွေးလေးတွေရဲ့ ကြီးထွားနှုန်းဟာ သူတို့ရဲ့ အရွယ်အစားပေါ်မှာ မူတည်ပါတယ်။ 🐩

ခွေးလေးတွေဟာ သူတို့ရဲ့ အမျိုးအစားပေါ်မူတည်ပြီး ကြီးထွားမှုနှုန်း ကွာခြားပါတယ်။
ဥပမာ- ခွေးတစ်ကောင်အတွက် သူ့ရဲ့ အရွယ်ရောက်တဲ့အခါ အလေးချိန်ဟာ ပေါင် ၁၀၀ လောက်ရှိမယ်ဆိုရင် သူ့ကို အသက် ၂ နှစ်အထိ ခွေးငယ်လေးလို့ သတ်မှတ်ပါတယ်။
ဒါပေမယ့် အဖွံ့ထွားဆုံးအချိန်မှာတောင် ၈ ပေါင်လောက်ပဲရှိမယ့် ခွေးမျိုးကိုတော့ အသက် ၁၀ လလောက်ထိပဲ ခွေးငယ်လေးလို့ သတ်မှတ်ပါတယ်။

Petunity ပရိတ်သတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 😍

Leave a comment