Dalmatians ခွေးလေးတွေအကြောင်း

Dalmatians ခွေးလေးတွေအကြောင်းလေး ဗဟုသုတအနေနဲ့ တင်ပေးချင်ပါတယ်။ 😍

ဆင်းသက်လာပုံ 🐾🐾

George Washington ဟာ အမေရိကမှာ Dalmatians ခွေးတွေကို ပထမဆုံးမွေးမြူခဲ့တဲ့လူ ဆိုပြီး ပြောကြတယ်။ Dalmatians ခွေးတွေဟာ ရှေးအစောင့်ခွေးမျိုးက ဆင်းသက်လာတာ လို့ယုံကြည်ကြတယ်။
အရင်တုန်းက ဒီခွေးတွေကို မြင်းလှည်းတွေ (အထူးသဖြင့် မီးသတ်မြင်းလှည်းတွေ) အတွက် လမ်းရှာတဲ့ နေရာမှာ အသုံးပြုတယ်။ 1961ခုနှစ်မှာ “101 Dalmatians” ဆိုတဲ့ ကာတွန်းကား ထွက်ပြီးတဲ့နောက်မှာတော့ Dalmatians ခွေးတွေဟာ အရမ်းကို နာမည်ကြီးလာခဲ့တယ်။

အပြေးအားကစားသမားတွေအတွက် အကောင်းဆုံးသူငယ်ချင်း ☺️🏃‍♀️🏃‍♂️

Dalmatian ခွေးတွေဟာ ပေါင်လေးဆယ်လောက်ရှိတဲ့ အလယ်အလတ်ခွေး အမျိုးအစားဖြစ်ပြီးတော့ အရပ် 24 လက်မလောက်အထိ ရှည်ပါတယ်။ တကယ်လို့ သင်ဟာ တာရှည်အပြေးသမားတစ်ယောက် ဖြစ်ခဲ့ရင် Dalmatian ခွေးဟာ သင့်အတွက် ပြေးဖော်ပြေးဘက်ကောင်း တစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာ ပြေးရတာကို ကြိုက်လို့ လေ့ကျင့်ခန်းအများကြီးလုပ်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ဉာဏ်ကောင်းပြီး လွတ်လပ်တာ ကိုကြိုက်တဲ့ ခွေးတွေဖြစ်တဲ့ အတွက် ငယ်စဉ်ကတည်းက သေချာလေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ကို အမွေးဖြီးပေးဖို့သာ လိုအပ်ပြီး သူတို့သန့်ရှင်းဖို့ အတွက် ပိုင်ရှင်ကအချိန်အများကြီးပေးရန် မလိုအပ်ပါဘူး။

သူတို့လေးတွေအတွက် ကျန်းမာကြံ့ခိုင်ရေး 💪

Dalmatians တွေမှာ မျိုးရိုးလိုက်တဲ့ ကျန်းမာရေးပြဿနာ တစ်ချို့ရှိနိုင်ပါတယ်။ တင်ပါးဆစ်လွှဲတာတွေ၊ ဆီးကျောက်တည်တာတွေ၊ နားလေးတာနဲ့ အရေပြားပြဿနာတွေကို တိရစ္ဆာန်ဆရာဝန်နဲ့ သေချာပြသပေးဖို့ လိုအပ်ပါတယ်။ တစ်ချို့ရောဂါတွေဟာ စောစောသိရင် အချိန်မီကာကွယ်နိုင်တဲ့ အတွက် တိရစ္ဆာန်ဆရာဝန်နဲ့ ပုံမှန်ဆေးစစ်ပေးသင့်ပါတယ်။ တိရစ္ဆာန်ဆရာဝန်က သင့်တော်တဲ့ အစားအစာတွေနဲ့ တခြားလိုအပ်တာတွေကို ညွှန်ကြားပေးပါလိမ့်မယ်။

Credit: The Dalmatian: From Firehouse Dog to Family Pet

1 comment

axiomia

kamagra

Leave a comment