How to adopt a stray cat

လမ်းဘေးကြောင်လေးမွေးတာက အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ကနေ ဝယ်မွေးတာထက် ပိုကောင်းတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် ကြိုတင်ဆောင်ရွက်စရာလေးတွေလည်းရှိပြီး၊ ဘယ်ပုံဘယ်နည်း မွေးမြူရမယ်ဆိုတာကိုတော့ စနစ်တကျသိထားသင့်တာပေါ့နော်။ အခုတလော ကြောင်လေး၊ ခွေးလေးတွေကို လက်ပြောင်းမွေးတာတွေ၊ အိမ်ယာမဲ့တိရစ္ဆာန်လေးတွေကို ကြင်နာစွာ မွေးစားကြတာတွေများလာတော့ သည်အကြံပေးစာလေးရေးဖို့ ဖန်လာပါတယ်။ လိုအပ်တာတွေ၊ အခြားကောင်းတဲ့အကြံဉာဏ်တွေ၊ ညွှန်ကြားချက်လေးတွေရှိရင်လည်း ထောက်ပြဆွေးနွေးကြပါဦး။

"တစ်ညောင်"

အရင်ဆုံးလုပ်ရမှာက ကိုယ်မွေးမယ့်မီးညောင်လေးမှာ ပိုင်ရှင်တကယ်ပဲ မရှိတာလားသေချာအောင် သန်းခေါင်စာရင်းစစ်ရပါမယ်။ သူ့မှာ တကယ်ပဲပိုင်ရှင်မရှိတာသေချာရင်တော့ လိုအပ်တဲ့ကာကွယ်ဆေးတွေ ထိုးပေးရပါမယ်။ ဒဏ်ရာအနာတရတွေ ရှိနေရင် ဆေးကုပေးရပါမယ်။ ဘာရောဂါတွေရှိလဲဆိုတာလည်း စစ်ဆေးရပါမယ်။ ဆိုတော့ကာ တိရစ္ဆာန်ဆေးကုခန်းကို သွားပြကိုပြရမှာပါ။

ဒါတွေအားလုံး အမြီးမြှောက်လို့ ပြီးမြောက်ပြီဆိုရင်တော့ ကိုယ့်အိမ်နဲ့ စမိတ်ဆက်ပေးရမယ့်အဆင့်ကို ရောက်ပါပြီ။ မီးညောင်တစ်ကောင်ကို နေရာသစ်တစ်ခုနဲ့ နေသားတကျဖြစ်အောင်လုပ်ပေးရတာ အချိန်နည်းနည်းကုန်ပေမယ့် ပြီးသွားပြီဆိုရင်တော့ ကျေနပ်စရာရလဒ်ကိုရမှာပါ။ ဒါကြောင့် စိတ်ရှည်ပြီးသားဆိုတာသိပေမယ့် စိတ်ရှည်ပေးပါနော်လို့ ထပ်တောင်းဆိုပါရစေ။

"နှစ်ညောင်"

လမ်းဘေးကြောင်လေးတွေက ထုံးစံအတိုင်းဆိုရင် လူစိမ်းတွေနား သိပ်မကပ်ရဲသလို အရှက်အကြောက်လည်း ကြီးတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ခေါ်မယ့်မီးညောင်က အိမ်ထဲမဝင်ရဲရင် အိမ်အပြင်၊ အိမ်ရှေ့နားမှာပဲ အစာခွက်နဲ့ သူ့အစာထည့်ပြီး ကျွေးပေးရပါမယ်။ နောက်နေ့တွေမှာလည်း ကျွေးနေကြနေရာနဲ့ အချိန်မှာပဲ သူလာရင်စားဖို့ အစာခွက်ကို အစာထည့်ပေးထားရပါမယ်။ ဒါမှ သူနေ့စဉ်လုပ်နေကြတစ်ခုလို ဖြစ်သွားမှာပါ။

ဒါပေမယ့် ကိုယ်ကျွေးတဲ့အစာကို သူမစားဘူး‌ဆိုရင် အစာခွက်ကို အိမ်နဲ့နည်းနည်းလှမ်းတဲ့နားမှာ ထားကြည့်ပါ။

နောက်ပြီး ကိုယ်ကျွေးတာကိုမစားတာဟာ အစာကိုမကြိုက်တာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့စားတဲ့ ဥပါဒ်မဖြစ်စေတဲ့အစာအမျိုးမျိုး ကျွေးကြည့်ပါ။ ကြောင်က လမ်းပေါ်နေနေကြဖြစ်နေတော့ အချို့ကြောင်စာတွေကို စားရကောင်းမှန်းတောင် မသိတတ်ကြပါဘူး။ ဒါ့ကြောင့် သူတို့အဲသည့်အစာတွေစားတာ အသားကျဖို့လည်း အချိန်ပေးရတတ်ပါတယ်။

"သုံးညောင်"

ကြောင်လေး ကိုယ့်အိမ်နားလာစားတာ ပုံမှန်ဖြစ်လာပြီး နဲနဲရင်းနှီးလာပြီဆိုရင်တော့ နောက်တစ်ဆင့်သွားလို့ရပြီပေါ့။ ဘယ်လိုစရမလဲဆိုတော့ ကြောင်စာခွက်ကို အိမ်ထဲစသွင်းရမှာပါ။

အစာခွက်ထဲမှာ အစာအပြည့်ထည့်ထားပြီး ကိုယ်ကလွဲလို့ အခြားဘယ်သူမှ မရှိပါစေနဲ့နော်။ မီးညောင်လေးလန့်ပြီး ပြန်ထွက်ပြေးသွားမှာဆိုးလို့ပါ။ အိမ်ထဲမှာမွေးထားတဲ့ အခြားကြောင်တွေ၊ ခွေးတွေရှိနေရင်လည်း အခြားအခန်းတစ်ခုထဲမှာ ထည့်ပြီး အပြင်ထွက်မလာအောင် ဂရုစိုက်ရပါမယ်။

မီးညောင်လေးက အစာစားပြီးရင် အပြင်ပြန်ထွက်သွားနိုင်ပါတယ်။ ဒါပေမယ့်စိတ်မပူပါနဲ့နော်။ နောက်နေ့နောက်နေ့တွေမှာလည်း ကျွေးနေကျအချိန်မှာပဲ သူ့ကိုခေါ်ပြီးကျွေးပေးပါ။ ဒီလိုနဲ့ သူလာစားတာအကျင့်ဖြစ်လာပြီး အိမ်နဲ့ ရင်းနှီးကျွမ်းဝင်လာပါလိမ့်မယ်။ သူစားနေချိန် ရှိသမျှတံခါးပေါက်တွေ ပိတ်ထားဖို့တော့ မမေ့နဲ့နော်။

"လေးညောင်"

မီးညောင် အစာစားနေစဉ်အိမ်တံခါးတွေအကုန်ပိတ်ထားဖို့ ပြောခဲ့ပါတယ်။ ဘာလို့လဲသိလား။
👇
👇
👇
👇
"ထွက်သွားမှာစိုးလို့ပေါ့။"

မီးညောင်လေးသာ အိမ်ရှေ့တံခါးပိတ်ထားတာသိရင် ပုန်းဖို့နေရာရှာပြီး ခဏလောက်တော့ လန့်တတ်၊ ပုန်းတတ်ပါတယ်။ ဒါပေမယ့် စိတ်ပူဖို့မလိုပါဘူးနော်။ သူတို့တွေက လမ်းပေါ်နေတာကြာတော့ အိမ်နဲ့မရင်းနှီးလို့ပါ။ သည်လိုပဲ အသားကျသွားပြီး နောက်ကျရင် မပုန်းတော့ပါဘူး။ အချိန်လေးတော့ ပေးပေါ့နော်။

တစ်ခုတော့ရှိတယ်။ ကြောင်လေးက တံခါးပိတ်ထားတာကို နည်းနည်းပါးပါးလန့်တာမဟုတ်ဘဲ ကော်ဇောတွေ၊ ကြမ်းပြင်တွေ၊ ပရိဘောဂတွေကို ကုတ်ခြစ်ပြီး ‌တစ်ကြော်ကြော်အော်နေမယ်ဆိုရင်တော့ တံခါးသာ သွားဖွင့်ပေးလိုက်ပါတော့နော်။ ကြောင်လေးက ပိုအရိုင်းဆန်လို့ ရင်းနှီးဖို့အချိန် ပိုပေးရမှာ သေချာပါတယ်။

သည်လိုနဲ့ မီးညောင်လေးက အစာပုံမှန်လာစား၊ သိပ်လည်းမလန့်တော့ဘူးဆိုရင် အိမ်မှာမွေးဖို့ လမ်းစပေါ်လာပြီပေါ့။ အိမ်မှာရှိပြီးသား မီးညောင်တွေ၊ ပါပီလေးတွေနဲ့တော့ ရောနှောမထားရဘူးဆိုတာကို "ငါးညောင်" အမြည်း ပြောပြလိုက်မယ်နော်။

"ညောင်..........!"
😸😸😸😸

ပြီးခဲ့တဲ့ "လေးညောင်" တုန်းက ပြင်ပကြောင်လေးနဲ့ အိမ်ကတိရစ္ဆာန်လေးတွေ ရောနှောမထားရဘူးလို့ ပြောပြခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပြင်ပကြောင်လေးတွေက လိုအပ်တဲ့ကာကွယ်ဆေးတွေ ထိုးမထားကြတာများတယ်လေ။ အိမ်မှာရှိပြီးသားကြောင်လေးတွေဆီကို ပြင်ပရောဂါတွေ ကူးစက်ကုန်မှာဆိုးတာကြောင့် သူတို့ကို ရောနှောမထားခိုင်းသေးတာပါ။

ဆိုတော့ ပြင်ပကြောင်လေးကို အိမ်ထဲမှာထားရင်လည်း လေဝင်လေထွက်ရှိတဲ့နေရာဖြစ်ပြီး၊ အစာနဲ့ ရေအပြည့်ဖြည့်ပေးထားရပါမယ်။ အဓိကကတော့ သူသက်တောင့်သက်သာရှိနေစေဖို့ပါပဲ။ သူ့အတွက်အန္တရာယ်ဖြစ်စေနိုင်တယ့်အရာတွေ (ဥပမာ - စင်ပေါ်တင်ထားတဲ့ ပန်းကန်တွေ၊ ဓားတွေ၊ စသည်ဖြင့်...) ကိုလည်း ကြိုတင်ဖယ်ရှားရှင်းလင်းထားရပါမယ်။

သူ့ကိုကိုင်တွယ်ပြီးတိုင်း သင့်လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့ မမေ့ပါနဲ့နော်။ ဒါမှ အခြားအိမ်မှာရှိပြီးသား ကြောင်လေးတွေ၊ ခွေးလေးတွေကို သင်ကိုင်တဲ့အခါ ရောဂါမကူးစက်နိုင်တော့မှာမို့လို့ပါ။ ပြင်ပကြောင်လေးကို တစ်ကောင်တည်းထားထားတုန်းမှာ မကြာမကြာသွားစကားပြောတာမျိုးလုပ်ပေးပါနော်။ ဒါမှ သူအထီးမကျန်ဘဲ သင်နဲ့လည်း ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရရှိလာမှာပါ။

အရေးအကြီးဆုံးကတော့ သူအီးအီးပါဖို့ အီးခွက်လေးထားထားပေးဖို့ပါပဲ။

ခြောက်ညောင်


ကျွန်တော်တို့ ယခုဆက်ရှင်းပြမယ့် အချို့အကြောင်းအရာတွေက မြန်မာနိုင်ငံမှာ ကိုက်ညီမှုသိပ်မရှိသေးပေမယ့်လည်း နောင်ရှိလာမယ်လို့ ယုံကြည်တာကြောင့် ဗဟုသုတရဖို့ရည်ရွယ်ပြီး ပြောထားလိုက်တော့မယ်နော်။

အရင်တစ်ပတ်ကအဆင့်ကိုရောက်ပြီဆိုရင် အရေးကြီးတဲ့ နောက်တစ်ဆင့်ကို လုပ်ရပါလိမ့်မယ်။ မိမိခေါ်ထားတဲ့ မီးညောင်က တစ်ကယ်ပဲ လမ်းပေါ်ကအိမ်ယာမဲ့ကြောင်လေးလားဆိုတာ စစ်ဆေးဖို့ပါ။ သူတို့နိုင်ငံတွေမှာတော့ ကြောင်လေးတွေရဲ့အရေပြားအောက်မှာ မိုက်ခရိုချစ်ပ်လေး‌‌တွေထည့်ထားပြီး ဆေးမှတ်တမ်းတို့၊ မီးညောင်ရဲ့ကိုယ်ရေးအချက်အလက်တို့၊ ပိုင်ရှင်ရဲ့ဖုန်းနံပါတ်‌နဲ့ လိပ်စာတို့ကို ထည့်သွင်းထားတတ်ပါတယ်။ အဲ့ဒါလေးရှိမရှိကို တိရစ္ဆာန်ဆေးကုခန်းမှာ အာရုံခံကိရိယာသုံးပြီး စစ်ဆေးလို့ရပါတယ်။ တစ်ကယ်လို့ ချစ်ပ်ပြားလေးရှိနေပြီး ပိုင်ရှင်ရဲ့အချက်အလက်တွေရှိနေတယ်ဆိုရင် သူ့ပိုင်ရှင်ကိုဆက်သွယ်ဖို့ ဆရာဝန်ကို အကူအညီတောင်းလို့ရသလို ကိုယ်တိုင်ဆက်သွယ်လို့လည်း ရပါတယ်။ ပိုင်ရှင်က မီးညောင်လေးကို တမင်တကာစွန့်ပစ်ထားတာဖြစ်ပြီး သူ့ကိုပြန်မလိုချင်တော့ဘူးဆိုတာ သေချာရင်တော့ မီးညောင်လေးကို မွေးစားလို့ရပါပြီ။ သည်လိုမဟုတ်ဘဲ ကြောင်လေးပျောက်နေတာမို့ သူတို့ပြန်လိုချင်တယ်ဆိုရင် ချိန်းဆိုပြီး ပြန်ပေးရမှာပါ။

ခုနစ်ညောင် လာပါပြီ။

ပိုင်ရှင်မရှိတာ၊ ဒါမှမဟုတ် ပိုင်ရှင်က ပြန်မလိုချင်တော့တာဆိုရင်တော့ ကြောင်လေးကို ဆောင်ကြဉ်းလို့ရပါပြီနော်။

ဆောင်မကြဉ်းခင်မှာ ရှောင်စရာဘေးတွေရှိတာမို့ ညောင်လေးကို အောင်ဆေးထိုးရပါလိမ့်မယ်။

လမ်းဘေးကြောင်လေးတွေတော်တော်များများဟာ လိုအပ်တဲ့ကာကွယ်ဆေးတွေ ထိုးထားကြလေ့မရှိတဲ့အတွက် ဆရာဝန်ဆီမှာ သွားပြပြီး ကူးစက်ရောဂါတွေ၊ ဒဏ်ရာတွေ၊ အခြားရောဂါတွေနဲ့ သန်းတွေ မွှားတွေရှိမရှိ စစ်ဆေးရမယ့်အပြင် လိုအပ်တဲ့ကာကွယ်ဆေးတွေ၊ ဆေးကုသမှုတွေအကုန်လုံးကို သေချာစွာလုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှ ကျန်းမာပျော်ရွှင်တဲ့ ညောင်တစ်ကောင်ကို သင်ရမှာပါ။ နောက်ထပ်အရေးကြီးတာတစ်ခုကတော့ သင့်ရဲ့ကြောင်လေးကို အထီဖြစ်ဖြစ်၊ အမဖြစ်ဖြစ် သားဆက်ခြားခွဲစိတ်မှုပြုလုပ်ထားမထား ဆရာဝန်ကိုမေးရပါမယ်။

"ကြောင်ချစ်တဲ့ ရှောင်ညှစ် 😂 ရှစ်ညောင်"

ကြောင်လေးက ခုဆိုအိမ်ကိုပါလာပြီပေါ့။ ပါလာရင် စ ရောဖို့ ကြိုးစားရပါမယ်။ ဘယ်လိုလဲဆိုတော့...

ကြောင်လေးကို ပွတ်ပေးနေရင်း စကားညင်ညင်သာသာလေး ပြောပေးဖို့လိုပါတယ်။ ဒါမှ သင့်အသံနဲ့ အနံ့ကို မှတ်မိလာပြီး ရင်းနှီးဖို့လမ်းစ ပေါ်လာမှာပါ။ သူ့ကိုထိဖို့ ကိုင်တွယ်ဖို့လည်း လွယ်လာတာပေါ့။ အစပိုင်းမှာ သူက ခပ်စိမ်းစိမ်းဖြစ်နေသေးလို့ ခဏခဏပွတ်ပေးလို့မရလည်း စိတ်မပူပါနဲ့။ လမ်းဘေးကြောင်လေးဖြစ်ဖူးတော့ သူတို့က ကြောက်လွယ်လန့်လွယ် တတ်ကြလို့ပါ။

သည်လိုမှမဟုတ်ဘဲ သူက လုံးဝအထိမခံရွှေပန်းကန်ဖြစ်ပြီး ပွတ်ပေးလို့မရရင်တော့ တစ်ဆင့်နောက်ဆုတ်ပြီး စကားစမြည်ပြောခြင်းနဲ့သာ ရင်းနှီးမှုယူရမှာပါ။ ရင်နှီးမှုယူရင်း တစ်ချက်တစ်ချက်လှမ်းပွတ်ပေးရင် အထက်ပါအဆင့်တွေကို ပြန်ရောက်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ညောင်လေးနဲ့တော်ကီပစ်လို့ရပါပြီ။

"ဖိုးကြောင်ရဲ့ ကိုးညောင်ကို
စိုးမရှောင်ဘဲ စောင့်မျှော်ပေးပါဦး။"

ဖိုးကြောင်ရဲ့ "ကိုးညောင်" 😻

ကိုးညောင်မှာတော့ ကြောင်လေးနဲ့ မျက်လုံးချင်းစကားပြောရမှာပါ။
လမ်းဘေးကြောင်လေးတွေဟာ ပိုင်ရှင်အတည်တကျမရှိကြတဲ့အတွက် သူတို့ကိုစိုက်ကြည့်မိရင် လန့်တတ်ကြပါတယ်။ သူတို့က စိုက်ကြည့်နေတာကို တိရစ္ဆာန်တို့သဘာဝအရ ခြိမ်းခြောက်တယ်လို့ ထင်တတ်ကြလို့ပါတဲ့။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ကောင်မလေးကိုကြည့်သလိုမျိုး အကြာကြီးစိုက်မကြည့်မိစေနဲ့နော် P-fan တို့ရေ။
ဒါဆိုဘယ်လိုလုပ်မလဲ။ 🙄

လွယ်ပါတယ်... ကြည့်လည်းကြည့်တယ်၊ ကြည့်လည်းမကြည့်ဘူးပေါ့။ 😏 ဘယ်လိုလဲဆိုတော့ သူတို့နဲ့မျက်လုံးချင်းဆိုင်ကြည့်ရင် အကြာကြီးစိုက်မကြည့်ဘဲ အခြားကိုအကြည့်လွှဲလိုက်တာမျိုး၊ မျက်လုံးပိတ်လိုက်တာမျိုးနဲ့ ဖြေရှင်းလို့ရပါတယ်။ အဲလိုလုပ်ပေးခြင်းအားဖြင့် ညောင်စိန်လေးဟာ သူ့ရဲ့ပတ်ဝန်းကျင်အသစ်က လုံခြုံမှုရှိတယ်လို့ ခံစားရပါလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့နဲ့ရင်းနှီးဖို့က မျက်လုံးချင်းဆုံအောင်ကြည့်ပေးမှရမှာမလို့ လုံးဝမကြည့်ဘဲနဲ့လည်း မနေပါနဲ့နော်။ အဲလိုအကြည့်လွှဲလိုက်၊ ကြည့်လိုက်လုပ်နေရင်းနဲ့ ဖြည်းဖြည်းချင်း ကြည့်ချိန်တိုးတိုးသွားပေးပါ။ ဒါဆိုရင်တော့ ရက်အနည်းငယ်အကြာမှာ အဆင်ပြေလာပါလိမ့်မယ်။

သတိပြုရမှာက တစ်ခါတစ်လေကိုယ်ချစ်တဲ့ညောင်စိန်တို့ကို ကိုယ်ကိုယ်တိုင်မသိလိုက်ဘဲ အကြာကြီးစိုက်ကြည့်နေမိတတ်ပါတယ်။ ဒါဆိုရင်တော့ မျက်စိမှိတ်လိုက်ပြီး ခေါင်းကိုအခြားဖက်လှည့်ပြီးမှ မျက်စိပြန်ဖွင့်ပါနော်။

ဪ... အကြည့်တစ်ချက်အတွက်နဲ့ ကိုးညောင်ကို စတေးလိုက်ရပြီ။ 🤗

"ဆယ်ညောင်"
😻😻😻😻😻😻😻😻😻😻

ကိုယ်က ညောင်တစ်ကောင်အားကိုးယုံကြည်ရလောက်တဲ့အထိ အရည်အချင်းရှိပြီလား။

"ဘာ............!" (ဦးကျော်ဟိန်းလေသံဖြင့်) 😬

မရှိလည်း ဆယ်ညောင်နဲ့ ရှိအောင်လုပ်လို့ ရပါပြီ။

မီးညောင်ကို ပုံမှန်အစာကျွေးချိန်တစ်ခုထားပြီး အစာကျွေးပါ။ နောက်လည်းမကျ၊ စောလည်းမစောဘဲနဲ့ပေါ့။ ဒီလိုလုပ်ပေးခြင်းက အစာစားဖို့ဆို သင့်ကိုစိတ်ချလို့ရတယ်လို့ မီးညောင်ကိုယုံကြည်စေပြီး သင်ဟာသူ့အတွက် အစာသခင်ကျေးဇူးရှင်ကြီးဖြစ်နေမှာပါ။ အဲလိုဖြစ်လေ သံယောဇဉ်တွေတိုးလေဖြစ်ပြီး သင်ဟာ မီးညောင်တစ်ကောင်အတွက် စိတ်ချယုံကြည်ရတဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

ပြဿနာလေးတွေလည်း ရှိတတ်ပါတယ်။
သင်ကျွေးတဲ့အစာကို မစားတာမျိုးပေါ့။ လွယ်ပါတယ် အခြားအစာအမျိုးအစားတွေ ပြောင်းကျွေးကြည့်လိုက်ပါ။ သူကြိုက်တဲ့ဟာ မတွေ့မချင်းပေါ့။ သည်လိုပုံမှန်အစာစားချိန်ရှိနေရင် သင့်မီးညောင်လေးက ပိုပိုပြီးခင်လာမယ်၊ မင်လာမယ်၊ အားကိုးလာပါမယ်နော်။ 💪💪

"ဆယ့်တစ်ညောင်"

အိမ်မှာ အခြားကြောင်လေးတွေရှိနေရင်တော့ သူတို့နဲ့ ကြောင်အသစ်လေးနဲ့ကို မိတ်ဆက်ပေးရမယ့်အချိန်ပါပဲ။ သင့်ရဲ့ကြောင်အသစ်လေးကို ဘော်ဒါတွေအများကြီးနဲ့တော့ တစ်ခါတည်းမိတ်ဆက်ပေးလို့မရပါဘူး။ တစ်ခါမိတ်ဆက်ရင် တစ်ကောင်စီသာ ခေါ်သွားရမှာပါ။ ကြောင်အသစ်လေးရဲ့အခန်းထဲ သင့်ရဲ့ရှိပြီးသားကြောင်လေးတွေကို တစ်ကောင်စီခေါ်သွားပြီး သူတို့ချင်းစူးစမ်းကြတာကို စောင့်ကြည့်ပါ။ အစပိုင်းမှာတော့ ကြောင်တောင်တောင်တွေဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ကောင်နဲ့တစ်ကောင် မကြာခင် မျက်မှန်းတန်းသွားပါလိမ့်မယ်။ အဲဒါဆို မိတ်ဆက်ပြီးသားကြောင်ကို အပြင်ပြန်ထုတ်ပြီးမှ နောက်တစ်ကောင်ထပ်ခေါ်လာပြီး အထက်ပါအတိုင်းထပ်လုပ်ပါ။ ဒါကို သူတို့တွေတစ်ခန်းထဲမှာ အဆင်ပြေပြေနေသွားနိုင်တဲ့အထိ အကြိမ်ကြိမ်လုပ်ရပါမယ်။

ပြဿနာတစ်ခုရှိတာက သင့်အိမ်မှာရှိပြီးသားကြောင်တွေက သူတို့ရဲ့မိတ်ဆွေအသစ်ကို ကောင်းကောင်းမဆက်ဆံတာမျိုးပါပဲ။ ဒါဆိုရင်တော့ သူတို့တွေကို ခြင်းတောင်းထဲလုံအောင်ပိတ်ထည့်ပြီးမှ ကြောင်အသစ်ရဲ့အခန်းထဲမှာ ၁၅ မိနစ်လောက် ထားပေးရပါလိမ့်မယ်။ ဒီလိုလုပ်ပေးခြင်းက သူတို့ကို နီးနီးစပ်စပ်ရှိနေစေပြီး ချက်ချင်းမဟုတ်တောင် ဖြည်းဖြည်းချင်းအဆင်ပြေသွားပါလိမ့်မယ်။

"ဆယ့်နှစ်ညောင်"

အိမ်ထဲမှာပဲနေတတ်တဲ့ မီးညောင်တစ်ကောင်မဖြစ်စေချင်ရင် သူ့ကို အပြင်ပေးထွက်ပါ။ ဒါပေမယ့် သူ့ကိုအိမ်ထဲမှာထားတာ ၃ ပတ်လောက်ကြာမှသာ ပေးထွက်သင့်ပါတယ်။ ဒါမှ သင့်မိသားစုနဲ့ အခြားကြောင်လေးတွေကို သံယောဇဉ်တွယ်ပြီး အပြင်ပေးထွက်တဲ့အခါ အိမ်ပြန်လာမှာပါ။

သတိပြုရမယ့်အချက်လေးတွေကတော့...

၁။ နေသာပြီး ခြောက်သွေ့တဲ့နေ့မှာသာ သူ့ကို အပြင်ပေးထွက်ပါ။
၂။ သူဗိုက်ဆာနေအောင်ထားပြီးမှ အပြင်ပေးထွက်ပါ။ ဒါမှ ဗိုက်ဆာပြီး အိမ်ပြန်လာမှာပါ။
၃။ ကြောင်က အိမ်ပြင်ထွက်ရမှာလန့်နေရင် မိမိကပါ ဘေးကလိုက်လျှောက်ပေးပါ။ ဒါမှ သူမကြောက်မှာပါ။
၄။ တိရစ္ဆာန်ဆေးကုဆရာဝန်အတော်များများကတော့ ကြောင်တွေကို အိမ်ထဲမှာပဲ မွေးခိုင်းတတ်ကြပါတယ်။

ဆယ့်နှစ်ညောင်မှာ ပြီးပါညောင်...။

81 comments

kKWDtvBHUdIG

zPhvRIuHof

Dustinslate

Aged 50 accounts MacroPack- $120

Visit
https://sellaccs.net

Contact
Skype & Telegram : congmmo
ICQ : 652720497 Email : congmmogmail . com
Thanks

Andrepap

Make Your Bitcoin Double In Just 12 Hours.
The website promises to double your bitcoin with no human intervention required. Our system is fully automated it only needs 12 hours to double your bitcoins.
Click to : https://bitdouble.net

Doublebtc-Adhep

DoubleBTC.WIN – Double your bitcoin in 24 hours –
Double your bitcoin in 24 hours equals to 100% profit a day that equals to 36,500% annual interest.
Click : https://doublebtc.net

Joe Miller

Notice#: 491343
Date: 2021-01-26

YOUR IMMEDIATE ATTENTION TO THIS MESSAGE IS ABSOLUTELY NECESSARY!

YOUR DOMAIN petunity.net WILL BE TERMINATED WITHIN 24 HOURS

We have not received your payment for the renewal of your domain petunity.net

We have made several attempts to reach you by phone, to inform you regarding the TERMINATION of your domain petunity.net

CLICK HERE FOR SECURE ONLINE PAYMENT: https://domain-register.ga/?n=petunity.net&r=a&t=1611638318&p=v1

IF WE DO NOT RECEIVE YOUR PAYMENT WITHIN 24 HOURS, YOUR DOMAIN petunity.net WILL BE TERMINATED

CLICK HERE FOR SECURE ONLINE PAYMENT: https://domain-register.ga/?n=petunity.net&r=a&t=1611638318&p=v1

ACT IMMEDIATELY.

The submission notification petunity.net will EXPIRE WITHIN 24 HOURS after reception of this email

Leave a comment