Meet Our Doctor

Petunity Philanthropic Group

Petunity Philanthropic Group

P-fan တို့ရေ ပက်ယူနတီမှာ တိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အခမဲ့ဆွေးနွေးပေးနေတဲ့ ဆရာဝန်မလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။ ဒေါက်တာဆုသဇင်မြင့်နှင့် ဒေါက်တာစီစီအေးကိုတို့ဖြစ်ကြပါတယ်။ ၂ ဦးစလုံးကတော့ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်လေးတွေကို ကုသစောင့်ရှောက်ပေးနေသူတွေပါ။ ဒေါက်တာဆုကတော့ စည်ပင်မှာ ဒုတိရစ္ဆာန်ဆေးကုမှူးအဖြစ်နဲ့ လုပ်ဖူးသလို ယခု ဒါ့အပြင် ၈၇ လမ်း တော်ဝင်ဆေးခန်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာလည်း ဆေးခန်းထိုင်ပါတယ်။ ဒေါက်တာစီစီကတော့ Infinity Vets Myanmar (Philanthropic Animal Healthcare Group) မှာ လမ်းဘေး တိရစ္ဆာန်လေးတွေကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ် ကူညီပေးနေသူဖြစ်ပါတယ်။ ပက်ယူနတီက ဒီလိုစိတ်သဘောထားကောင်းတဲ့ ဆရာဝန်များနဲ့ အလုပ်တွဲလုပ်ရတဲ့အတွက်ဝမ်းသာပါတယ်။ နောက်ပြီး အခမဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်ပေးနိုင်တဲ့ ဆရာဝန်များကိုလည်း ဖိတ်ခေါ်ပါတယ်နော်။ မိမိအိမ်က တိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်ချင်ရင် ပက်ယူနတီ messenger (သို့) petunity.net က chat သို့ လာရောက်တိုင်ပင်နိုင်ပါတယ်။ အားလုံးအေးချမ်းသောနေ့လေး ပိုင်ဆိုင်ပါစေ။ Jigsaw Puzzle Jigsaw Puzzle Hey P-fans, Do you know Petunity Online Health Consulting Service which is totally free of charge? We would like to introduce you to our beautiful veterinarians who are Dr. Hsu Thazin Myint and...

Read more →


Dr. Hsu Thazin Myint

Dr. Hsu Thazin Myint

ပရိသတ်ကြီးကို Petunity နဲ့ လက်တွဲလုပ်ကိုင် ကူညီပေးနေတဲ့ ဆရာဝန်မ ချောချောလေးနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောထားပြီးပြီမို့ ခုမိတ်ဆက်ပေးတော့မယ်နော်။   ဆရာမရဲ့ နာမည်လေးကတော့ ဒေါက်တာ ဆုသဇင်မြင့်ပါ။ 💕 စည်ပင်မှာ ဒုတိရစ္ဆာန်ဆေးကုမှူးအဖြစ်နဲ့ လုပ်ဖူးသလို ယခု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာလည်း တိရစ္ဆာန်လေးတွေကို ကုသစောင့်ရှောက်ပေးနေသူတစ်ဦးပါ။ ဒါ့အပြင် ၈၇ လမ်း တော်ဝင်ဆေးခန်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာလည်း ဆေးခန်းထိုင်နေပါတယ်နော်။ 💕

Read more →