TweetDates

Fashionable waterfowls!

Fashionable waterfowls!

ပက်ယူနတီ TweetDates!2014 တုန်းက သတင်းလေးပါ။ ဒီဇိုင်းလေးတွေကအရမ်းလန်းနေတာမို့ P fan တို့ကို တင်ပြပေးချင်ပါတယ်။ 😍😍😍xx New York Fashion Week နဲ့ Paris Runway ကိုမေ့လိုက်ပါတော့ ပရိတ်သတ်ကြီး။ ခုတွေ့ရမှာက အရမ်းကိုစတိုင်ကျပြီး လန်းနေတဲ့ ဘဲလေးတွေ ခုအောက်ကပုံတွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ သူတို့ကတော့ ၂၀၁၄ ခုနှစ်၊ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင်ပြုလုပ်တဲ့ Sydney Royal Easter Show မှာပါဝင်တက်ရောက်ခဲ့ကြတာပါ။ သူတို့ကိုဒီဇိုင်းလှလှလေးတွေဆင်ပေးတာကတော့ လယ်သမားကြီး Brian Harrington ဖြစ်ပါတယ်။ လယ်သမားကြီးဟာ သူ့ရဲ့ idea ကို Professional designers တွေနဲ့တွဲပြီးပြုလုပ်စေခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းလေးကတော့ 1800 ခုနှစ်ဝန်းကျင်မှာ ခေတ်စားခဲ့တဲ့ ဒီဇိုင်းလေးတွေဖြစ်ပြီး လာရောက်ကြည့်ရှုသူ 900,000 ကိုဆွဲဆောင်ခဲ့ပါတယ်။ 🐤🐤🐤🐤❤️❤️❤️❤️ (English)Forget about New York Fashion Week or the Paris runway. In Sydney, Australia, well-dressed ducks steal the scene at the Sydney Royal Easter Show. It's here that the waterfowl are outfitted in elegant pink, green and yellow gowns, and even have tiny matching hats, too! They...

Read more →


အင်တာနက်မှာ နာမည်ကြီးနေတဲ့ ကြောင်ဝတုတ်လေး ဘရူနို။

အင်တာနက်မှာ နာမည်ကြီးနေတဲ့ ကြောင်ဝတုတ်လေး ဘရူနို။

Petunity TweetDates!အင်တာနက်မှာ နာမည်ကြီးနေတဲ့ ကြောင်ဝတုတ်လေး ဘရူနို။xx ၂၅ ပေါင်ရှိတဲ့ ကြောင်လေး ဘရူနိုက မတ်တပ်ရပ်ရတာအလွန်ကြိုက်ပါတယ်။ ပြီးတော့ စကားတွေအများကြီးပြောရတာလည်း ကြိုက်တယ်တဲ့။ သူက အခု အမေရိကန်နိုင်ငံ Illinois ပြည်နယ်မှာရှိတဲ့ တိရစ္ဆာန်ခိုလှုံရေးဂေဟာမှာ သူ့ကိုမွေးစားမယ့်သူကို ရှာနေပါတယ်။ ချစ်စရာ ဘရူနိုလေး မွေးစားမယ့်သူမြန်မြန်တွေ့ပါစေလို့ ပက်ယူနတီက ဆုတောင်းပေးလိုက်ပါတယ်။ 😍  

Read more →


Min Ma Naing is Famous of cats gang!

Min Ma Naing is Famous of cats gang!

Read more →


ဟီးရိုးခွေးကလေး Axel

ဟီးရိုးခွေးကလေး Axel

မကြာသေးခင်က ဟီးရိုးခွေးကလေး Axel က အသက် ၈၆ နှစ်အရွယ် သူ့ရဲ့သခင်ကို လုယက်သူတွေရဲ့လက်က ကယ်တင်ခဲ့တဲ့သတင်းလေးကို တင်ပြပေးမှာဖြစ်ပါတယ်။Axel ဆိုတဲ့ ခွေးလေးဟာ လုယက်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် အထိတ်တလန့်ဖြစ်နေတဲ့ အသက် ၈၆ နှစ်အရွယ် Joyce Ackerley ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။မန်ချက်စတာဥယျာဉ်ထဲမှာ Joyce တစ်ယောက် လမ်းလျှောက်နေတုန်း အကြမ်းဖက်သူတစ်ဦးက သူ့ရဲ့ခေါင်းကို တံမြက်စည်းနဲ့ ရုတ်တရက်ရိုက်လိုက်ပြီး လည်ဆွဲကို လုယူဖို့ကြိုးစားခဲ့ပါတယ်။ ဒါကို ခွေးကလေး Axel မြင်သွားပြီး လူဆိုးကိုခုန်အုပ်ကိုက်ခဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပြင် ထိုသူထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ လမ်းတစ်လျှောက်လည်း လိုက်လံရှာဖွေခဲ့ပါတယ်။Axel ဟာ Joyce အတွက်တော့ သူရဲကောင်းတစ်ဦးဖြစ်ပြီး သူ့ရဲ့အသက်သခင်ကျေးဇူးရှင်ပါပဲ။"Axel အခုလိုမျိုး လူတစ်ယောက်ကို အကြမ်းပတမ်း ခုန်အုပ်တာမျိုး၊ ပြားပြားဝပ်နေအောင် တိုက်ခိုက်တာမျိုး မြင်ကိုမမြင်ဖူးပါဘူး။ သူ့ခမျာ အဲသည့်လူထွက်ပြေးမှာစိုးလို့ လက်မောင်းကို ကိုက်ဆွဲထားပေမယ့် သူနဲ့အင်အားမမျှတော့ အဲ့လူက သူ့ကိုပြန်တိုက်ခိုက်တွန်းထုတ်ပြီး လွတ်သွားပါတယ်။ ကျွန်မမှာ Axel လေးကို ဆုံးရှုံးရတော့မယ်ဆိုပြီး စိတ်ပူခဲ့ရပါတယ်။ ကံသီပေလို့ပဲ... Axel လေးရဲ့နှာခေါင်းမှာ ဒဏ်ရာနည်းနည်းပဲ ရခဲ့ပါတယ်။" "Axel လေးက အရမ်းကိုလိမ္မာပြီး ပါးနပ်တဲ့ကောင်လေးပါ။ ပါးနပ်ပြီးသိမ်မွေ့တဲ့ ဘီလူးလေးဆိုရင် မမှားပါဘူး" လို့လည်း သူ့ရဲ့ခွေးလေးကို Joyce က အမွှမ်းတင်ပြီး ပြောသွားပါသေးတယ်။"သူက ကျွန်မအသက်ကိုကယ်ထားတာဆိုတော့ သူ့အလိုလိုက်ပြီး သူပျော်အောင်ထားမှာပါ" လို့လည်း အာမခံလိုက်ပါသေးတယ်။မန်ချက်စတာမြို့ရဲတပ်ဖွဲ့မှ ရဲမှူး Steven Hughes ကလည်း- "Axel သာ အဲလိုအခြေအနေမျိုးမှာ ဝင်မကယ်ခဲ့ဘဲ ပြစ်မှုကျူးလွန်သူကို ကြောက်နေခဲ့မယ်ဆိုရင်...

Read more →


အတန်းဖော် သူငယ်ချင်းကြောင်လေးတွန်ဘီ ကျောင်းပြန်ရောက်လာခြင်း။

အတန်းဖော် သူငယ်ချင်းကြောင်လေးတွန်ဘီ ကျောင်းပြန်ရောက်လာခြင်း။

တွန်ဘီဆိုတဲ့ကြောင်လေးက တူရကီနိုင်ငံ အစ်မဲလ်ပရိုဗင့်ဆင့်မြို့ရဲ့ မူလတန်းကျောင်းတစ်ခုမှာ ကျောင်းတတ်နေတဲ့ကြောင်လေးအဖြစ် နာမည်ကြီးနေပါတယ်။ စာသင်ခန်းထဲမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာအုပ်တွေကို သူလိုက်ကြည့်နေတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။   ကြောင်လေးကို စာသင်ခန်းကနေထွက်သွားခိုင်းပြီးတဲ့အခါမှာတော့ တတိယတန်းကျောင်းသူလေးနဲ့ဆရာမလေးက တွန်ဘီကို ခေါ်ယူမွေးစားခဲ့တယ်။ သို့သော်လည်းဖေဖော်ဝါရီလ ၂၁ရက်နေ့မှာတော့ ပညာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့ လိမ္မော်ရောင်ကြောင်လေးတွန်ဘီဟာ ကျောင်းခန်းထဲကိုပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ #TweetDates Credit: CGTN

Read more →